26 C
Yangon

ရန်ကုန်၊ မင်္ဂလာဒုံ၊ ရွှေနှင်းဆီ နှင့် ရေကြည်အိုင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို မိုင်းဖြင့် ပစ်ခတ် တိုက်ခိုက်၊ လှော်ကားအုပ်ချုပ်ရေးမှူးရုံးကိုလည်း ပစ်ခတ်တိုက်ခိုက်၊ ကမာရွတ်နှင့်မရမ်းကုန်းမြို့နယ် လျှပ်စစ်ရုံးတွင်လည်း ဗုံးပေါက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေနှင်းဆီ ရပ်ကွက်နှင့် ရေကြည်အိုင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ မိုင်းဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွှေနှင်းဆီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် YDPF-MGDN အဖွဲ့မှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ရေကြည်အိုင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၂ အချိန်တွင် YDPF-MGDN အဖွဲ့မှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ငါတို့မြို့အတွက်ငါတို့ရှိနေသေးကြောင်း သွေးမအေးသေးကြောင်း ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်ကြောင်းနှင့် အာဏာရှင်ကျရှုံးသည်အထိ တိုက်ပွဲဝင်နေပါအုံးမယ်” ဟု YOUNG DEFENCE POWER FORCE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် အုပ်ချုပ်ရေးပစ်မှတ်အဖြစ် ရွှေပြည်သာမြို့နယ်၊လှော်ကားတာဆုံ ဘန်ကာအနီးရှိ လှော်ကားအုပ်ချုပ်ရေးမှုးရုံးကို မြောက်ပိုင်းခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ နှင့် Yangon Urban Guerrilla Army(YUGA MO 7 Eagle)တို့ ပူးပေါင်း၍ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ လက်ကိုင်တုတ် ရုံးအဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးနိုင်ခြေရှိကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့က ပြောသည်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးနှင့် မရမ်းကုန်းမြို့နယ် ၈ မိုင် လျှပ်စစ်ရုံးတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ- ရန်ကုန်တွင် စစ်ဆေးရေး လုပ်နေသည့် အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article