ရန်ကုန်၊ အောက်တိုဘာ ၂၅
မြန်မာနိုင်ငံတွင် စစ်တပ် ဗိုလ်ကျစိုးမိုးနေမှုကို အပြီးတိုင် ချေမှုန်းရေး နိုင်ငံရေးနှင့်စစ်ရေး အရှိန် အရွေ့တစ်ခုသို့ ဗျူဟာသစ်ဖြင့် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း KIO ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြည်သူလူထုတစ်ရပ်သို့ အသိ ပေး မိန့်ခွန်းပြောဆိုလိုက်သည်။
KIO တည်ထောင်ခြင်း ၆၂ နှစ်ပြည့်အထိမ်းအမှတ်း ထုတ်ပြန်သော မိန့်ခွန်းတွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ် ကြောင်း သိရှိရသည်။
KIO ဗဟိုအနေဖြင့် မကြာမီ နိုင်ငံရေးနှင့်စစ်ရေးအရှိန် အရွေ့တစ်ခုကို အဆင့်မြှင့်ပြီး ဆောင်ရွက်တော့မည် ဖြစ် ကြောင်း၊ နိုင်ငံ၏ အချုပ်အခြာ အာဏာအရပ်ရပ်ကို စစ်တပ်ကသာ ထာဝရ ဗိုလ်ကျစိုးမိုးရေး ဆိုသည့်မူကို အပြီးတိုင်ချုပ် ငြိမ်းသွားရေး တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ အားလုံးနှင့် ပူးပေါင်းလက်တွဲပြီး ချေမှုန်းသွားတော့မည် ဖြစ်ကြောင်း၊ ပြည်သူများအားလုံးလည်း မိမိတို့ တတ် နိုင်သည့်ဘက်မှ ပါဝင်ကူကြရန် လိုအပ်ကြောင်း ယနေ့ကျရောက်သည့် ၆၂ နှစ်ပြည့် ကေအိုင်အို အထိမ်းအမှတ်နေ့တွင် ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းတွင် ဖော်ပြထားသည် ။
စစ်အာဏာရှင် တော်လှန်ရေးတွင် KIO ၏ ဟာဗျူဟာအသစ်ဖြင့် အဆင့်မြှင့်တင်ပြီး အချိန်ကိုက်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ များမကြာမီ အချိန်တွင် နိုင်ငံရေးနှင့် စစ်ရေးအရှိန် အရွေ့တစ်ခုတွင် KIO အရာရှိ၊ဝန်ထမ်းများအားလုံး၊ ပြည်သူများအားလုံး အစွမ်းကုန်ပူးပေါင်း ပါဝင်ကူညီကြရန် လိုအပ်သည်ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ထပ်လောင်း ပြောဆိုသည်။
ပင်လုံစာချုပ်သည် ၁၉၄၇ ဖွဲ့စည်းပုံဥပဒေ၏ လွမ်းမိုးချေဖျက်ခြင်းကိုခံရသည့် အတွက် တိုင်းရင်းသားလူမျိုးများ တော်လှန်လာရခြင်းဖြစ်ပြီး နိုင်ငံ တော်၏ အချုပ်အခြာအာဏာကို စစ်တပ်က ထဝရ ဦးဆောင်ချုပ်ကိုင်သွားမည့် စစ်အာ ဏာရှင်စနစ်ကြောင့် ပြည်တွင်းစစ်ကို ပိုမိုတောက်လောင်စေမည်ဖြစ် ကြောင်း၊ စစ်တပ်ကြောင့် ပြည်သူအားလုံး ခက်ခဲ ဆင်းရဲကျပ်တည်းနေကြောင်း ၊၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံး၌ ရှုပ်ထွေးကျပ်တည်းသွားသည့် အခင်းအကျင်းသို့ ဆိုက်ရောက်သွားပြီး ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့နေရသော်လည်း အခြားတစ်ဖက်၌ ထွက်ရှိလာသော အဖြေ တစ်ခုမှာ အာဏာရှင်စနစ်ကို ချေမှုန်းတိုက်ဖျက်ပစ်ရမည်ဆိုသည့် အချက်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ- KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။