25 C
Yangon

KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က အကြမ်းဖက်မင်းအောင်လှိုင်ထံ စာပေးပို့၊ ဝမ်းနည်းကြေကွဲမှုနှင့်မျက်ရည်များ တန်ဖိုးမဖြတ်နိုင်သည့် ရင်းနှီးမှုများဖြစ်လာမည်ဟု ဖော်ပြ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က အကြမ်းဖက်မင်းအောင်လှိုင်ထံ စာတစ်စောင် လူမှုကွန်ရက်မှတစ်ဆင့် ပေးပို့လိုက်ပြီး ဝမ်းနည်းကြေကွဲမှုနှင့်မျက်ရည်များ တန်ဖိုးမဖြတ်နိုင်သည့် ရင်းနှီးမှုများဖြစ်လာမည်ဟု စာတွင် ရေးသားဖော်ပြထားသည်။

ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က လူမှုကွန်ရက်တွင် အနန့်ပါသည် KIA စစ်စခန်း မဟုတ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ပြီး အကြမ်းဖက်မင်းအောင်လှိုင်ထံသို့ပါ စာတစ်စောင် ရေးသားဖော်ပြခဲ့သည်။

စာတွင် ခရီးသွားများ ခေတ္တနားကြသော စျေးဆိုင်တန်းစခန်းငယ်လေးသာဖြစ်သော အနန့်ပါမှ ပြည်သူများ၊ ဒေသခံများကို စစ်ကောင်စီက ရန်သူသဖွယ်ပြုမူခဲ့ပြီဖြစ်ကြောင်း၊ အသက်ဆုံးရှုံးရသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများ၊ ကျန်ရစ်သူ မိသားစုများနှင့်အတူ ဝမ်းနည်းကြေကွဲ မေတ္တာပို့ပါကြောင်း၊ အားလုံး၏ ဝမ်း နည်း ကြေကွဲမှုနှင့်မျက်ရည်များသည် တန်ဖိုး မဖြတ်နိုင်သည့် ရင်းနှီးမှုများ ဖြစ် လာမည်ဖြစ်ကြောင်း စာတွင် ရေးသား ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article