26.2 C
Yangon

မုံရွာနှင့် ပုလဲရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဥ်ဖြင့် စီးနင်း၊ ဘုတလင်ရှိ မကျီးအုပ်ရွာကို စစ်တပ် စီးနင်းမှု ပြည်သူ ၁ ဦး ပစ်သတ်ခံရပြီး PDF ရဲဘော် ၁ ဦးကျဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နဂါးတွင်းရွာကို အကြမ်းဖက် စစ်စစ်တပ်က ရဟတ်ယာဥ်များဖြင့် စီးနင်းခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က နဂါးတွင်းကျေးရွာကို ရဟတ်ယဥ် ၂ စီးဖြင့် စီးနင်းခဲ့ပြီး Mi-35 ၁ စီးဖြင့် ရွာဘေးပတ်လည်ကို ကင်းလှည့် ပျံသန်းခဲ့​ကြောင်း သိရသည်။

ကျေးရွာအတွင်းရှိ ပြည်သူများ ဖမ်းဆီးခံရမှု ရှိမရှိနှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုလည်း အတည်မပြုနိုင်သေးကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အလားတူ ပုလဲမြို့နယ် ဖလန်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ရဟတ် ၃ စီးဖြင့် ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူများ ထိခိုက်မှု အခြေအနေနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ထို့ပြင် ဘုတလင်မြို့နယ် မကျီးအုပ်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက် စီးနင်းချိန်တွင် ကျေးရွာနေပြည်သူ မညိုလုံးကို ပစ်သတ်ခဲ့ပြီး ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် မကြည်မြင့်နှင့် မစိုးကြီးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူငယ် ၂ ဦးလည်း ဖမ်းဆီးခံရကြောင်း သိရသည်။

” နံနက် ၇ နာရီ လောက်ကဖြစ်သွားတာပါ။ အမျိုးသမီးတစ်ဦး သေဆုံးတယ်။ စစ်တပ် ပစ်သတ်လို့ပါ။ လက်နက်ကြီး ထိမှန်တဲ့ အမျိုးသမီး ၂ ဦးလည်း ဒဏ်ရာရတယ်။ လူငယ် ၂ ဦးလည်း ဖမ်းခေါ်သွားပါတယ်။ သေဆုံးသူက မညိုလုံးပါ။ အသက်ကတော့ မသိရသေးဘူး။ ဒဏ်ရာရတဲ့သူက မကြည်မြင့်နဲ့ မစိုးကြီးပါ PDF ရဲဘော် ၁ ဦးလည်း ကျဆုံးတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – နဂါးတွင်းကျေးရွာကို လှည့်လည် ပျံသန်းနေသည့် Mi-35 ရဟတ်ယာဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article