32 C
Yangon

ပုလဲမြို့ရှိ PDF စခန်းကို စစ်တပ်က တိုက်လေယာဥ်၊ ရဟတ်ယာဥ်များဖြင့် ပစ်ခတ် စီးနင်းခဲ့ပြီး PDF တပ်ဖွဲ့များ လွတ်မြောက်ခဲ့ကာ ဒလန်များကိုသာ ဖမ်းဆီးသွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ PDF စခန်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဖလံပင်ရွာအနီးရှိ ဒေသခံ PDF စခန်း တစ်ခုကို လေယာဥ် ၅ စီးဖြင့် ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပစ်ခတ်ခဲ့ပြီး စခန်းကို ဝင်ရောက် စီးနင်းခဲ့သော်လည်း PDF ရဲဘော်များ လွတ်မြောက်ခဲ့ကာ စခန်းအတွင်း PDF တပ်ဖွဲ့က ဖမ်းဆီးထားသော စစ်တပ် သတင်းပေး (ဒလန်) များကိုသာ ဖမ်းဆီးသွားကြောင်း သိရသည်။

” ပစ်တာကတော့ ပထမ ဂျက်ဖိုက်တာ ၂ စီးနဲ့ပစ်တယ်။ ရဟတ်ယာဥ် ၂ စီးက မြေပြင်ကို လူချတယ်။ ကျွန်တော်တို့ အဖွဲ့တွေကတော့ ကြိုသတင်းရလို့ ရှောင်နိုင်တယ်။ စခန်းထဲမှာတော့ ကျွန်တော်တို့ PDF တွေရဲ့ သတင်းကို စစ်တပ်ထံပေးတဲ့ ဒလန်ဆိုပြီး ဖမ်းချုပ်ထားတဲ့ ကောင်တွေမိသွားတယ်။ နောက်ပြီး ကျွန်တော်တို့ ထုတ်လုပ်ရေးစခန်းတစ်ခုရယ်။ ရုံးခန်းတစ်ခုကိုတော့ မီးရှို့သွားတယ်” ဟု ဒေသခံ ကာကွယ်ရေး ခေါင်းဆောင်တစ်ဦးက​ ပြောဆိုသည်။

PDF စခန်းကို စီးနင်းပြီးနောက် အကြမ်းဖက် စစ်တပ်သည် ဒလန်များကို လေယာဥ်ဖြင့် မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဒေသခံ ပြည်သူများသည် လက်ရှိချိန်ထိ ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article