ရန်ကုန်၊ အောက်တိုဘာ ၂၆
မြိုင်မြို့နယ်တွင် ကျောင်းသား ပြည်သူများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် “စစ်ရာဇဝတ် ကောင်တွေကိုလူထုအားနဲ့ အပြတ်ရှင်းကြ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ သပိတ် စစ်ကြောင်းကို မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီ၊ ဗကသ ရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာ ဆရာများ သမဂ္ဂ (ဗလကသ)နှင့်ပြည်သူလူထုတို့ ပူးပေါင်းကာ ချီတက် ဆန္ဒပြခဲ့ပြီး အကသ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဟောင်း ရဲဘော်ညီမင်းသူ ကျဆုံးခြင်း(၈) လပြည့် အထိမ်းအမှတ်အဖြစ် “ညီမင်းသူကိုသာသတ်လို့ရမယ် ညီမင်းသူစိတ်ဓာတ်ကိုသတ်လို့မရဘူး” စာတန်း ကိုင်ဆောင်ကာ သပိတ် ကော်မတီဝင်များနှင့် ဗကသ ရဲဘော်တစ်ဦးမှ သပိတ်တရားများ ဟောပြောခဲ့ကြောင်း သိရသည်။
Photo – BEGSC_MYAING