28 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ၅ ရက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေတွင် အကြမ်းဖက်စစ်တပ်နှင့် KNLA ကြား အောက်တိုဘာလ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

အောက်တိုဘာလ ၂၂ ရက် နံနက် ၂ နာရီတွင် စစ်တပ်နှင့် KNLA ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံးကြောင်း၊ အောက်တိုဘာလ ၂၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နိုခေါးဒေးဒေသ၌ စစ်ကောင်စီတပ်ဖွဲ့ကို KNLA က ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၄ ရက်တွင် ကတိုင်တိနှင့် ဘောကျို့လယ်ရွာကြား၌ စစ်ကောင်စီတပ်ဖွဲ့ကို KNLA က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း၊ ၂၅ ရက်နေ့တွင်လည်း မထောကျေးရွာနှင့် မြေနီကုန်းကျေးရွာကြား၌ စစ်ကောင်စီတပ်ဖွဲ့ကို KNLA က ၂ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNLA တပ်မဟာ ၅ က သတင်းထုတ်ပြန်သည်။

၂၆ ရက်နေ့တွင် ဆာလော်ကျိုး စစ်တပ်စခန်းကို KNLA တပ်မဟာ ၅ တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၁ ဦး သေဆုံးကြောင်း သိရှိရပြီး မွန်းလွဲ ၁ နာရီ ၄၇ မိနစ်တွင် ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု၊ ညောင်ပင်ရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၁၁ ကြိမ် ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူတစ်ဦး၏ နေအိမ်တစ်လုံး ထိမှန် ပျက်စီးသွားကြောင်း သိရှိရသည်။

KNU တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်အတွင်း၌ အကြမ်းဖက်စစ်တပ်နှင့် KNLA ကြားနေ့စဉ် တိုက်ပွဲဖြစ်ပွားနေကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ (ပုံအဟောင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article