28 C
Yangon

၅/အရာတော် သပိတ်စစ်ကြောင်းက “ဖားကန့်-အနန့်ပါ အတွက်ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ”ကြွေးကြော်သံဖြင် ချီတက် ၊ မီးမှိတ် သပိတ်တွင် ပြည်သူများအားလုံး ပါဝင်ရန် တိုက်တွန်း

Must read

ရန်ကုန်၊

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ နယ်လူထုသပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ရျ် အရာတော် မုံရွာ လမ်းပိုင်းတစ်နေရာတွင် “ဖားကန့်အနန့်ပါ အတွက်ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ်အရှိန်မြှင့်ကြ”ဘန်နာစာတန်းကိုင်စွဲကာ ကချင် အဝတ်စားများ ဝတ်ဆင်လျက် ကချင်အလံများလွှင့်ကာ ယနေ့ နံနက်ပိုင်း ချီတက်သပိတ်မှောက်ကြသည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ် အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ( ၈၀ ) ကျော် အသက်ဆုံးရှုံးခဲ့ရပြီး လူဦးရေရာနှင့်ချီပြီး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာ့သမိုင်းတလျှောက် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားသေ ဆုံးမှုအများဆုံးသော ဖြစ်ရပ်ဆိုးကြီးတစ်ခု ဖြစ်လာပါတယ်။ ကချင်မြေကို ထိတာ၊ ကချင်လူထုကို ဦးတည်တိုက်ခိုက်တာဟာ ကျွန်မတို့ အားလုံးကို ဦးတည်တာပဲ။ ဒါကြောင့် ကျွန်မတို့ရဲ့ သွေး စည်းညီညွတ်မှုကို ပြသကြမယ်။ ၊ ကချင်လူထုနှင့်အတူ ရပ်တည်တော်လှန်ကြောင်း ပြသကြမယ်၊ ဒါကြောင့် လာမယ့် ၂၈ ရက်နေ့ (သောကြောနေ့ ) ည ရှစ်နာရီခွဲကနေ ရှစ်နာရီလေးဆယ်မိနစ်အထိ ၁၀ မိနစ် တိတိ မီးတွေပိတ် အသံတွေတိတ်ကာ အကျယ်လောင်ဆုံးသော ဟစ်ကြွေးသံတွေနဲ့ တော် လှန်ရေးကို ဘယ်လိုအကြမ်းဖက်မှုမျိုးကမှ မတားဆီးနိုင်ဘူးဆိုတာကို အာဏာရှင်တွေကို တုံ့ပြန်ပြသကြမယ်။
တနိုင်ငံလုံး အမှောင်တိဖုံးကြမယ် ၊ ကျဆုံးခဲ့ရသော ရဲဘော်၊ပြည်သူများအတွက် ဆုတောင်း မှုများ ပြုလုပ်ကြပါမယ်။ ၂၈ ရက်နေ့ ၊ ည ရှစ်နာရီခွဲ ၊ မီးအားလုံးကို ပိတ်ပါ ” ဟု အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီမှ ခေါင်းဆောင်တစ်ဦးက ဟောပြောသည်။

Photo- Rebels Of Middle

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article