ရန်ကုန်၊ အောက်တိုဘာ ၂၇
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဂျပန်ရောက် မြန်မာများ စုပေါင်း၍ အကြမ်းဖက် စစ်အာဏာရှင်လေတပ်၏ အင်အားအလွန်အကျွံသုံး ဗုံးကျဲတိုက်ခိုက်ခံရသော ကချင်ပြည်နယ်၊ဖားကန့်ဒေသ၊အနန့်ပါတွင် ကျဆုံးခဲ့ရသော အပြစ်မဲ့ ကချင်တိုင်းရင်းသားပြည်သူများအတွက် “ဝမ်းနည်းခြင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း ဆန္ဒထုတ်ဖော်ခြင်းကို အောက်တိုဘာ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။