28 C
Yangon

ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၆ ဦးသေဆုံး၊ ရေဖြူတွင် ပျူစောထီး ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လဲပင်ရွာ အထက်ပိုင်းတွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် လဲပင်ရွာ အထက်ပိုင်း၌ အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာစဥ် ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၂)က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်နက်ကြီး ပစ်ကူများ၊ RPG နှင့် ၄၀ မမ များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်ခြင်းကြောင့် ပြည်သူများ နေထိုင်သည့် ကျေးရွာအနီးအနားတွင် လက်နက်ကြီးကျရောက်မှုများ ရှိသောကြောင့် အနီးအနားရွာများရှိ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း Bago Region PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျခတ္တပင်အင်းရွာမှ ပျူစောထီး အဖွဲ့ဝင် ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ည ၁ နာရီခန့်တွင် ကျခတ္တပင်အင်းရွာ၌ ပျူစောထီးအဖွဲ့ဝင်များ ဖြစ်သော ဦးဝင်းသိန်း၊ ဒေါ်အုန်းစန်းတို့ လင်မယားနှင့် ဦးဖိုးခိုင်၊ ဒေါ်အေးမိုးဆွေတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

(၂)ဦး စုစုပေါင်းပျူ(၄)ဦးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(၃)ခုပူးပေါင်းရှင်းလင်းခဲ့ကြောင်း LLPDF ဖွဲ့ကဆိုသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ပျူစောထီး ဦးဝင်းသိန်း၊ ဒေါ်အုန်းစန်း လင်မယားသည် ပျူစောထီး စွန်ရဲအဖွဲ့ဝင် များဖြစ်ကြောင်း၊ ဒေါ်အေးမိုးဆွေသည် Non-CDM ကျောင်းအုပ်ဖြစ်ပြီး PDF များကို ဆဲဆို ခြိမ်းခြောက်လေ့ရှိပြီး နေအိမ်၌လည်း စစ်တပ်ကို လုံခြုံရေးယူကာ PDF ရဲဘော်များကို သတင်းပေး တိုင်ကြားလေ့ရှိသူ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျူစောထီး ၄ ဦး၏ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြည်သူများထံမှ တိုင်ကြားချက်များစွာ လက်ခံရရှိပြီးနောက် LLPDF ရဲဘော်များက မြေပြင်တွင် လေ့လာစောင့်ကြည့်ရေး ကော်မတီကို ဖွဲ့ စည်းကာ စောင့်ကြည့်လေ့လာခဲ့ပြီး ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရသောကြောင့် PDF ရဲဘော်များမှ အကြိမ်ကြိမ် စာပစ်သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိကြောင်း LLPDF တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပျူစောထီးနှင့် စွန်ရဲဖွဲ့ဝင် ၄ ဦးကို နေအိမ်၌ ရှိနေစဥ် လောင်းလုံး (ပကဖ) LLPDF၊ ထားဝယ် (ပကဖ) DGRFနှင့် T-PDF ရဲ ဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article