ရန်ကုန်၊ အောက်တိုဘာ ၂၇
စစ်အာဏာရှင် တော်လှန်ရေးတွင် ဦးဆောင်ဆရာတော်တစ်ပါး ဖြစ်သော မန္တ လေး မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယာ ဝံသာဘိဝံသ (သစအ ဓမ္မာစရိယ-ဝဋံသကာ) သည် ယနေ့ည ထိုင်းစံတော်ချိန် ၁၀ နာရီကျော်အချိန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အစိုးရဆေးရုံကြီးတွင် နှလုံးသွေးကြောပိတ် ဝေဒနာဖြင့် ပျံလွန်တော်မူကြောင်း သိရှိရသည်။
( မြန်မာနိုင်ငံတစ်ဝန်းမှ ဆရာတော်ကို ကြည်ညို ကိုးကွယ်လေးစားသော ဒါယ ကာ၊ ဒါယိကာမ များ သိရှိစေရန် ဖော်ပြခြင်းဖြစ်ပြီး သတင်းထုတ်ပြန်ရေးအဖွဲ့က ဆရာတော် ပျံလွန်တော်မူသည့်သတင်းကို အသေးစိတ် ထုတ်ပြန်ပါမည်။)