25 C
Yangon

ရန်ကုန်၊ မန္တလေး၊ ကချင်၊ မကွေးနှင့် စစ်ကိုင်းတို့တွင် စစ်ကြောင်း၊ ရဲစခန်းများနှင့် အုပ်ချုပ်ရေးမှူးများ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်တပ် စစ်ကြောင်း၊ ရဲစခန်းများနှင့် အုပ်ချုပ်ရေးမှူးများ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။

ရန်ကုန်၊ ဗဟန်းမြို့နယ် ရဲစခန်းဝင်း လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခံရ

ရန်ကုန်ုတိင်း၊ ဗဟန်းမြို့နယ်ရှိ ရဲစခန်းဝင်းထဲသို့ အောက်တိုဘာ ၂၇ နေ့လယ် ၃ နာရီ ဝန်းကျင်တွင် Grenade ပစ်သွင်းကာ တိုက်ခိုက်ခံကြောင်းနှင့် တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA (YANGON) ၏ လက်အောက်ခံတပ်ခွဲတစ်ခုဖြစ်သော တပ်ခွဲ ၃ မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ရဲဘော်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်က ကြေညာချက် ထုတ်ပြန်သည်။

တောင်ဒဂုံမြို့နယ် ၆၇ ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် (၆၇) ရပ်ကွက်ရုံးတွင် တပ်စွဲထားသည့် ကင်းစခန်း အောက်တိုဘာ ၂၇ ၊ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပစ်ဗုံးဖြင့် တိုက် ခိုက်ခဲ့ကြောင်း Mother Son Yangon Force မှ သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကို Mother Son Yangon Force အဖွဲ့နှင့် ANACONDA မဟာမိတ်မြို့ပြပြောက်ကျားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက် မသိရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဂန့်ဂေါတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၆ ဦး ဒဏ်ရာရကာ သေဆုံးသူများရှိနိုင်

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၆ ဦး ထိခိုက်ဒဏ် ရာရရှိကာ သေဆုံးသူများနိုင်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဂန့်​ဂေါမြို့ ခလရ ၅၀ မှထွက်ခွာလာသည့် အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဂန့်ဂေါ ခရိုင်အမှတ် ၇ တပ်ရင်း ၊ အမှတ် ၁၁ တပ်ရင်း ၊ KKG တပ်ရင်း ၆ မဟာမိတ်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်သောကြောင့် သေဆုံးသူများ ရှိနိုင်ကြောင်း PDF-GANGAW-တောင်ပိုင်း အဖွဲ့ထံမှ သိရသည်။

ဒီပဲယင်းမြို့အဝင် စစ်တပ် ဂိတ်စခန်း ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်း ပစ်ခတ် တိုက်ခိုက်ခံရကြောင်း သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဒီပဲယင်းမြို့အဝင် စစ် တပ် တပ်စွဲထားသော စိန်ပန်းပင်ဂိတ်ကို ၇၉ မမ ၂ လုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် ကျဆုံးမှုရှိနိုင်ကြောင်း FREEDOM REVOLUTION FORCE (FRF) တပ်ခွဲ(၄) နဂါးတပ်ခွဲမှ ထုတ်ပြန်ထားသည်။

မန္တလေးတွင် အုပ်ချုပ်ရေး မှူး ၁ ဦးပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ၊ တောတွင်ရွာတွင်လည်း ဒလန်အဖြစ်လုပ်ဆောင်နေပြီး ပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးမှူး ခင်မောင်စိုးကို အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ရှင်းလင်းခဲ့ကြောင်း Generation Z Power က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို Generation Z Power -GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွှေဘိုတွင် စစ်သားနှင့် ပျူစ​ောထီးများ ဆိုင်ကယ်စီးလာစဥ် မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် စစ်သားနှင့် ပျူစောထီးများ လိုက်ပါလာသည့် ဆိုင်ကယ် ၂ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရွှေဘိုမြို့နယ် ပန်းလှိုင်ကျေးရွာ စာသင် ကျောင်းအတွင်း တပ်ဆွဲထားသော စစ်သားနှင့် ပျူစောထီး ၅ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ကွန်ဆိပ်ကျေးရွာဘက်သို့ ထွက်ခွာလာစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော စစ်သားနှင့် ပျူစောထီးအလောင်းများကို လာကောက်ခြင်း မရှိသောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များက Mytel မမ လက်နက်ကြီးများဖြင့် ပန်းလှိုင်ရွာထဲကို ပစ်ခတ်ခဲ့ပြီး စစ်တပ်နှင့် ပျူစောထီးများက ပြန်လည် လက် နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် (ပကဖ) တိုက်နယ်(၆)အဖွဲ့ – SBDF LDF-ရွှေမင်းသား LDF -ရွှေဘိုမြို့နယ် တိုက်နယ်(၅) အဖွဲ့ဝင် ငါးမည်ရ ပြည်သူ့ကာကွယ်ရေး အဖွဲ့ – လျှပ်စီးမုန်တိုင်း LDF – ဂဠုန် LDFအဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးရွာမြို့ပေါ်တွင် စစ်တပ်နှင့် အကျိုးတူ စီးပွားရေး လုပ်ဆောင်နေသည့် ဘတ်ဟိုးဝင်း ဖောက်ခွဲ တိုက်ခိုက်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ အကျိုးတူ စီး ပွား ရေး လုပ်ဆောင်နေသည့် UMG Myitkyina Branch ကုမ္ပဏီ၏ ဘတ်ဟိုး​ဝင်း ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ်နှင့် အကျိုးတူ စီးပွားရေး လုပ်ဆောင်နေသော အင်ဂျတ်ဒုံ(တောင် ) နယ်မြေရှိ UMG Myitkyina Branch ကုမ္ပဏီ၏ ဘတ်ဟိုး ရောင်း၀ယ်ရေး၀င်းကို မြစ်ကြီးနားမြို့ အထူးစစ်ဆင်ရေး အဖွဲ့ KIA၊ PDF များမှ မိုင်းသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး သေနတ်ဖြင့်လည်း ၀င်ရာက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article