32 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၂၈ ရက်နေ့ နေ့လယ်တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့၊ ဟိုခဲ ရပ်ကွက်အနီးမှာ ပြည်သူတွေ စိုက်ပျိုးလုပ်ကိုင် စားသောက်လာတဲ့ စိုက်ပျိုးမြေ ဧက ၂၂၀၀ ဟာ တပ်ပိုင်ဖြစ်ပြီး ပြည်သူတွေက ကျူးကျော်တယ်လို့ တရားစွဲဆိုထားမှုကို ဆီဆိုင်မြို့နယ်- တရားရုံးက စစ်တပ်ကို အနိုင်ပေးလိုက်တယ်လို့ သိရပါတယ်။ -စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ပရိမ္မကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဒီကနေ့ အောက်တို ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက စပြီး ၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင် နေ သလို ၊ ရွာကိုပါ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေတဲ့အတွက် ပြည်သူတွေ ပိတ်မိနေတယ်လို့ ဒေသခံ တွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ -မန္တလေး ၊ နွားထိုးကြီးမြို့နယ် ၊ ဆူးဖြူကုန်း ရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရပြီး ၅ ဦးသေသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article