ရန်ကုန်၊ အောက်တိုဘာ ၂၈
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ယမန်နေ့ ညပိုင်း ပျံလွန်တော်မူသော စစ်အာဏာရှင် တော်လှန်ရေး ဦးဆောင်ဆရာ တော်ဖြစ်သည့် မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော်၏ ရုပ်ကလပ်တော်ကို ပင့်ဆောင်ကြောင်း သိရှိရသည်။
ဆရာတော်သည် သက်တော် ၇၁ နှစ်အရွယ်တွင် နှလုံး သွေးကြောပိတ်ဝေဒနာဖြင့် ပျံလွန်တော်မူခြင်းဖြစ်ပြီး စစ်အာဏာရှင်၏ ရန်ကို တိမ်းရှောင်ရင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် သီတင်းသုံးနေစဉ် ပျံလွန်တော်မူခြင်းဖြစ်သည်။