Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၂၈ ရက်နေ့ ညနေတင်ဆက်ပေးမယ့် သတင်းတွေကတော့ – အစ္စရေးနိုင်ငံရဲ့ လက်နက်ကုမ္ပဏီ ၃ခုအပါအဝင် အစ္စရေး စစ်ဘက်ဆိုင်ရာဌာနက ထိပ်တန်း အရာရှိ တွေဟာ မြန်မာနိုင်ငံအတွက် စစ်လက်နက်ရောင်းချမှုတွေနဲ့ဆက်စပ် အကျင့်ပျက် ခြစားမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ အစ္စရေးရဲ့ ရှေ့နေချုပ်ရုံးဆီမှာ တိုင်ကြားခံထားရပါတယ်။ – မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာမှာရှိတဲ့ အများပြည်သူပိုင် ၊ နေအိမ်တွေကို မီးရှို့ပြီး ထွက်လာတဲ့ အင်အား ၁၀၀ နီးပါးပါ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ပျူစောထီး စစ်ကြောင်းကို ယောဒေသကာကွယ်ရေးတပ် YDF နဲ့ မဟာမိတ်တွေက အောက်တိုဘာလ ၂၇ ရက်နေ့မှာ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ – အကြမ်းဖက် စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၇ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်း-မရှိဘဲ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ကော့ကရိတ်မြို့၊ အမှတ် ၇ ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး သေဆုံးခဲ့သလို ၅ ဦး ဒဏ်ရာရထားတဲ့သတင်းအပါဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။