ရန်ကုန်၊ အောက်တိုဘာ ၂၈
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် မြဝတီ မင်းကြီးကျောင်းတိုက် ဆရာတော် ကွယ်လွန်ခြင်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် “လူတွေကို ကျေးဇူးမပြုနိုင်တဲ့တနေ့ ဒို့သာသနာ ကွယ်လိမ်မယ်။ ( မြဝတီမင်းကြီးဆရာတော် )” စာတန်း ကိုင်ဆောင်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။