26 C
Yangon

ပုလဲမြို့နယ်တွင် PDF များက ဖမ်းဆီးထားသည့် အကျဥ်းသား ၁၂ ဦး၊ ၈ တန်းကျောင်းသား ကလေးငယ် ၁ ဦးနှင့် ပြည်သူ်၂ ဦး စုစုပေါင်း လူ ၁၅ ဦးကို စစ်တပ်က သတ်ဖြတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အောက်တိုဘာလ ၂၅ ရက်နေ့က အကြမ်းဖက် စစ်တပ်က ပုလဲမြို့နယ် ပကဖ ရုံးချုပ်ကို ရဟတ်ယာဥ် ၅ စီးဖြင့် ဝင်ရောက် စီးနင်းပြီးနောက် PDF များက ဖမ်းဆီးထားသည့် အကျဥ်းသား ၁၂ ဦး၊ ၈ တန်းကျောင်းသား ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးကို စစ်တပ်က သတ်ဖြတ်သွားကြောင်း ဒေသခံများနှင့်ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ပုလဲမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများသည် အောက်တိုဘာလ ၂၇ ရက်နေ့အ ထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်က ၃၀ ကျော်ထက်မနည်း သေဆုံးပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဆုတ်ခွာသွားပြီးနောက် ကာကွယ်ရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် ပကဖ ရုံးတွင် ဖမ်းဆီးထားသည့် အကျဥ်းသား ၁၂ ဦးကို စစ်တပ်က သတ်ဖြတ်သွားပြီး သဲပြင်ကျယ်ရွာရှိ ပြည်သူပိုင် နေအိမ် ၆ လုံးနှင့်အတူ အမည်မသိ ရုပ်အလောင်းများကိုလည်း မီးရှို့သွားကြောင်း သိရသည်။

” မနက်ကတည်းက တိုက်ပွဲကဖြစ်နေတာ။ ဒီကောင်တွေ သဲပြင်ကျယ်ရွာကနေ အိုင်မရွာဘက်ကို စစ်ကြောင်းထပ်ထိုးချင်တာကို ကျွန်တော်တို့ဒေသခံ PDF အဖွဲ့ပေါင်းစုံ ခုခံ ပစ်ခတ်လိုက်တာ စခတွေ အကျအဆုံးများသွားတယ်။ အဲလိုအကျအဆုံးများတော့ ခွေးတွေ စစ်ကူထပ်ခေါ်တယ်။ နမခကနေ လေယာဉ်နဲ့ထပ်ပြီး အင်အားလာချတယ်။ အဲလိုလာချတဲ့ လေယာဉ်ကို မြေပြင်စစ်သား ၃၀ လောက်ချတဲ့နေရာကို ကျွန်တော်တို့အဖွဲ့တွေက RPG တွေ လားလားတွေနဲ့ တည့်တည့်ကို ပစ်ခတ်နိုင်ခဲ့တယ်။ တိုက်ပွဲနှစ်နေရာစလုံး စစ်ခွေးဘက်က အကျအဆုံးများသွားတယ်။ စခအကျအဆုံး ၂၅ ဦးထက်မနည်းရှိလိမ့်မယ်။ ကျွန်တော်တို့ဘက်က လက်တလောအကျအဆုံး ၄ ဦးနဲ့ အထိအခိုက် ၂ ဦးရှိတယ်။ နောက်တစ်ခုက စစ်ခွေးတွေက မြို့နယ် ပကဖရုံးမှာ ဖမ်းဆီးထားတဲ့ အကျဥ်းသား ၁၂ ဦးကိုလည်းသတ်သွားသေးတယ်။ သဲပြင်ကျယ်ရွာက နေအိမ် ၆ လုံးထဲ လူတွေထည့်ပြီး မီးရှို့သွားသေးတယ်။ အဲအလောင်းတွေကတော့ ဘယ်သူ၊ ဘယ်ဝါကတော့ အတည်ပြုချက်မရသေးဘူး” ဟု ဒေသခံ ပြည်သူ့ကာ ကွယ်ရေး ခေါင်ဆောင်တစ်ဦးက ပြောဆိုသည်။

စစ်တပ်က သတ်ဖြတ်သွားသူများတွင် ၈ တန်းကျောင်းသား တစ်ဦးအပါအဝင် ပြည်သူ ၃ ဦးပါ ပါဝင်ကြောင်း၊ စစ်တပ်က ဖလံပင်ကျေးရွာမှ နေအိမ် ၆ လုံး၊ သဲပြင်ကျယ်ကျေးရွာမှ အိမ် ၄ လုံး၊ ပရိုဘောက် ကားတစ်စီးတို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ငွေကျပ် သိန်း ၁၇၀၀ ကျပ်၊ လက်ပ်တော့၊ ပရင့်တာနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို သိမ်းယူ ဖျက်ဆီးသွားကြောင်း၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၂၀၀၀ ကျပ်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က သတ်ဖြတ်ထားသော လူ ၁၅ ဦးနှင့်မီးရှို့ဖျက်ဆီးခံထားရသည့် ကား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article