31 C
Yangon

ချောင်းဦးတွင် လူငယ်များမှ ကချင်ပြည်သူများနှင့် အတူ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ကချင်အလံတော် စတစ်ကာများ ကပ်၍ ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီမှ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကချင်ပြည်သူများနှင့် အတူ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ကချင်အလံတော် စတစ်ကာများ ကပ်၍ ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ်ပိန်းလှုပ်ရှားမှုကို ချောင်းဦးမြို့ပေါ်ရှိ လူစည်ကားရာနေရာများဖြစ်တဲ့ ချောင်းဦးပွိုင့်ကားဂိတ်၊ ရတနာရွှေဂူဘုရားကြီးမုခ်ဦး၊ မုံရွာ – မန္တလေး – ပခုက္ကူလမ်းဆုံ – ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ပန်းခြံ နှင့် မုံရွာ – မန္တလေးကားလမ်းဘေး ဓာတ်တိုင်များ၊ မြို့တွင်းဓာတ်တိုင်များတွင် ကချင်အမျိုးသားအလံနှင့် ” ကချင်ကို ထိ ရင် ချောင်းဦးကို ငြိတာပဲ” ၊ ” တောင်တန်းပြည်မ ညီညွတ်ကြ ” စတဲ့ စာတမ်းများကပ်၍ ကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article