30 C
Yangon

ကြာအင်းဆိပ်ကြီးတွင် တပ်ရင်း ၃ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး CDM လုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံ၊ ဖယ်ခုံတွင်လည်း စစ်သား ၁ ဦး CDM ဝင်ရောက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တပ်ရင်း ၃ ခု မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး CDM လုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တရားဝင်သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ တပ်ရင်း ခမရ ၃၅၈ ၊ ခမရ ၄၃၂ ၊ ခလရ ၂၈၄ မှ တပ်သား ၅ ဦး CDM ဝင်လာခြင်းဖြစ်ကြောင်း တပ်ရင်း ခမရ ၃၅၈ မှ တပ်သား စောအတ္တလယ်၊ တပ်သား ချစ်ဝင်းဇော်၊ တပ်သား သန့်ဇော်၊ တပ်ရင်း ခမရ ၄၃၂ မှ တပ်သား ကျော်လွင်ထွန်း၊ တပ်ရင်း ခလရ ၂၈၄ မှ တပ်သား မင်းသူရဇော်တို့ စုစုပေါင်း ၅ ဦး CDM ဝင်လာခြင်းဖြစ်ကြောင်း ၊ ကြာအင်းဆိပ်ကြီး ပအဖနှင့် KNLA တပ်ရင်း ၁၇ တပ်ခွဲ ၂ ၊ နဂါးနီစစ်ကြောင်းတို့က လက်ခံကြိုဆိုခဲ့ပြီး လက်ရှိ စားဝတ် နေရေး အတွက် ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊ ဖယ်ခုံ PDF တပ်ဖွဲ့ထံသို့ ခလရ-၁ မှ စစ်သား ၁ ဦး CDM ပြုလုပ်လာကြောင်း၊စစ်တပ်လက်အောက်ခံ ခလရ-၁ မှ စစ်သား ၁ ဦးသည် မိုးဗြဲ ဆည် ရေထိန်းတံခါးတွင် ကင်းစောင့်တာဝန်ကျနေစဥ် အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီအချိန်တွင် ထွက်ပြေးလာပြီး အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း၂ ထံ ရောက်ရှိ CDM ပြုလုပ်ကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article