30 C
Yangon

မြ၀တီမင်းကြီးဆရာတော် ဘဒ္ဒန္တ အရိယဝံသာဘိဝံသ (သ.စ.အ ဓမ္မာစရိယ-၀ဋံသကာ) ၏ အန္တိမအဂ္ဂိစျာပန အခမ်းအနားအစီအစဥ် ထုတ်ပြန်ကြေညာ

Must read

ထိုင်းနိုင်ငံ၊ မဲ​ဆောက်မြို့တွင် အောက်တိုဘာလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က နှလုံးသွေးကြောပိတ်ဝေဒနာဖြင့် ရုတ်တရက် ဘ၀နတ်ထံပျံတော်မူသွားသော မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အရိယဝံသာဘိဝံသ (သ.စ.အ ဓမ္မာစရိယ-၀ဋံသကာ) ၏ အန္တိမအဂ္ဂိစျာပန အခမ်း အနားအစီအစဥ်အား အောက်တိုဘာလ ၃၁ ရက်နေ့ (တနလ်ာနေ့) မွန်းလွဲ ၃ နာရီတွင် အောက်ပါအစီအစဥ်အတိုင်း ကျင်းပမည်ဖြစ်သည်။

မွန်းလွဲ ၁း၃၀ – အန္တိမအဂ္ဂိစျာပနအခမ်းအနားအစီအစဥ်စတင်ခြင်း
မွန်းလွဲ ၁း၃၀ – ၁း၃၅ – ဆရာတော်၏ ထေရုပတ္တိအား ဖတ်ကြားခြင်း
မွန်းလွဲ ၁း၃၅ – ၁း၄၅ – ဘာသာပေါင်းစုံခေါင်းဆောင်များမှ မေတ္တာပို့ဆုတောင်းခြင်း
မွန်းလွဲ ၁း၄၅ – ၂း၁၅ – ပေးပို့လာသော သ၀ဏ်လွှာများအား ဖတ်ကြားခြင်း နှင့် မှတ်တမ်းတင်ခြင်း
မွန်းလွဲ ၂း၁၅ – ၂း၂၅ – တပည့်၊ ဒါယကာ ဒါယိကာမများက ဆရာတော်အား နောက်ဆုံးအကြိမ်ပူဇော်တောင်းပန်ခြင်း
မွန်းလွဲ ၂း၂၅ – ၂း၄၅ – ကြွရောက်လာသော ပရိတ်သတ်များက ဆရာတော်အား နောက်ဆုံးအကြိမ်ပူဇော်ဂါရဝပြုခြင်း
မွန်းလွဲ ၂း၄၅ – ရုပ်ကလာပ်တော်အား လောင်တိုက်သို့ပင့်ဆောင်ခြင်း
မွန်းလွဲ ၃း၀၀ – ရုပ်ကလာပ်တော်အား မီးပူဇော်ခြင်း

နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများအနေဖြင့် သဝဏ်လွှာများ ပေးပို့လိုပါက အောက်တိုဘာလ ၃၀ရက်နေ့ (တနဂ်နွေနေ့) ည ၁၀ နာရီ နောက်ဆုံးထား၍ signal No. +66632350323 (သို့) [email protected] သို့ပေးပို့နိုင်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article