ရန်ကုန်၊ အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းအတွင်း S&C (မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး) အဖွဲ့မှ ဖွင့်လှစ်ထားသော CDM ကျောင်းများတွင် ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့၌ စာမေးပွဲများ စတင် ကျင်းပလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ်၏ လေယာဥ်သံများ၊ ဗုံးသံများ ကြားမှ CDM ဆရာ ဆရာမများနှင့် ရပ်မိဖရပ်ဖများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ကူညီမှုဖြင့် စစ်ဘေးရှောင် ကလေးများသည် ကြိုးစားသင်ယူနေကြရကြောင်း S&C အဖွဲ့မှ ထုတ်ပြန်ထားသည်။