ရန်ကုန်၊ အောက်တိုဘာ ၂၉
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “တကမ္ဘာလုံးထဲ တယောက်ပဲ ကျန်ရင်တောင် ငါတို့ကဓမ္မဘက်မှာပဲရှိမယ်။
ပြည်သူနဲ့အတူ စကစကို အဆုံးထိ တော်လှန်သွားပါမည်” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။