25.8 C
Yangon

စဉ့်ကူးတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသိန်းဝင်းနှင့် သတင်းပေး ဖိုးအေး ပစ်ခတ်ခံရပြီး သေဆုံး ၊ စဉ့်ကိုင်နှင့်လောင်းလုံးတို့တွင် ပျူစောထီးနှင့်သတင်း ပေး ၄ ဦး ပစ်ခတ်ခံရပြီးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ထီးကျင်တောင်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသိန်းဝင်းနှင့် ငပျဉ်းအင်းကျေးရွာသား စစ်တပ် သတင်းပေး ဖိုးအေး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သပိတ်ကျင်းမြို့နယ် ပျောက်ကျားတပ်ဖွဲ့မှ ဗိုလ်လင်းယုန်က ပြောသည်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်အတွင်း အောက်တို ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန် စစ်တပ်စစ်ကြောင်း လာရာလမ်းကြောင်းကိုဖောက်ခွဲတိုက်ခိုက်ရန်အတွက် ကြိုပွိုင့်စောင့်နေစဥ် ငပျဥ်းအင်းရွာသား စစ်တပ် သတင်းပေး ဖိုးအေးနှင့် ထီးကျင်တောင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သိန်းဝင်းတို့က တော်လှန်ရေး ရဲဘော်များ၏ လှုပ်ရှားမှုများကို စဥ့်ကူး စခန်းမှူး၊ စစ်တပ် ဗိုလ်ကြီးနှင့် ပင်လည်ကြီး ဂိတ်မှူးများကို သတင်း ပေးနေသဖြင့် ဖမ်းဆီချုပ်နှောင်ပြီး ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

ထီးကျင်တောင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သိန်းဝင်း မသေဆုံးမီ စစ် ဆေး မေးမြန်းချက်များအရ ငပျဥ်းအင်းရွာ၊ ထီးကျင်တောင်ရွာ၊ အင်းကတီးရွာ၊ ပြကျေးရွာနှင့်ရေရှင်ကျေးရွာများရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပျူစောထီးများနှင့် ဒလန်စာရင်းများကို ဖုန်းနံပါတ်အဆက်အသွယ်များကို နေရပ်လိပ်စာအတိ အကျနှင့်တကွ ရရှိခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ပျောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန် မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ် ပလိပ်မြို့ဘူတာရပ်တွင် စစ်တပ်သတင်းပေးဟု နာမည်ကြီးသူ ကောက်ရိုးဖုန်းကျော်ကို ပလိပ်မြို့တော်လှန်ရေးအဖွဲ့က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း၊ ကောက်ရိုးဖုန်းကျော်သည် စစ်တပ်နှင့်ပေါင်း၍ ပလိပ်မြို့တဝိုက်တွင် လောင်းကစား၀ိုင်းများ ဖွင့်လှစ်ပြီး ဆက်ကြေးကောက်ကြောင်း၊ ပလိပ်မြို့တွင် ကောက်ရိုးဖုန်းကျော်၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရသူ ပြည်သူများ များပြားကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်မှ ပျူစောထီးဖွဲ့ဝင် အမျိုးသား၂ ဦး၊အမျိုးသမီး ၁ ဦးတို့ အောက်တိုဘာ၂၈ ရက် ၊ညနေပိုင်းတွင် လောင်းလုံး LLPDF က ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန် ကျောက်ဆင်ရွာတွင်အပြစ်မဲ့ပြည်သူများကိုမတရားဖမ်းဆီးသတ် ဖြတ် ဆိုးသွမ်းနေသောပျူစောထီးအဖွဲ့ဝင် ဟန်သိန်း ကိုလည်းကောင်း၊ ယင်းနေ့ည ၇ နာရီခန့်က သကျက်တောရွာရှိပျူစောထီးအဖွဲ့ဝင်ဖြစ်သည့် အောင်စိုး၊ ကြည်စန်းတို့ ၂ ဦးကိုလည်းရဲစခန်းအနီးရှိနေအိမ်တွင် ပစ်ခတ် ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

“အခုရှင်းလိုက်တဲ့ပျူတွေကအကြိမ်ကြိမ်သတိပေးစာပို့ခံ ထားရတဲ့သူများဖြစ်ပါတယ်။ပြည်သူတွေမှာ မတရားစစ်ကြေးကောက်ခံ၍ စကစကိုနောက်ကွယ်က ကူညီထောက် ပံ့ပေးနေကြတဲ့ပျူများဖြစ်ပါတယ်”ဟုလောင်းလုံး LLPDF က ပြောသည်။

ဓာတ်ပုံ- မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ထီးကျင်တောင်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသိန်းဝင်း သေဆုံးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article