27.1 C
Yangon

ယောဒေသ ကာကွယ်ရေး တပ်ဖွဲ့များထံ တော်လှန်ရေး ရန်ပုံငွေ ရရှိရေး “ရောင်နီလာပြီ ယောဌာနီ” ကမ်ပိန်းအတွက် မဲလက်မှတ်များ ရောင်းချနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

ယောဒေသ ကာကွယ်ရေး တပ်ဖွဲ့များကို ထောက်ပံ့ရန် “ရောင်နီလာပြီ ယောဌာနီ” ကမ်ပိန်းအတွက် မဲလက်မှတ်များ ရောင်းချနေကြောင်း သိရသည်။

မဲလက်မှတ်များကို အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၂၆ ရက်နေ့ အထိ မြန်မာကျပ်ငွေ ၁ သောင်းကျပ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်​ပြီး ယောဒေသ ကာကွယ်ရေး တပ်ဖွဲ့များထံ ငွေကျပ် သိန်း ၃၀၀ ကျော် ထောက်ပံ့လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပို့ လှူတန်းမှုကို ပြည်ပရောက် ယောသူ/သား များ စုပေါင်း ပြုလုပ်ခြင်း ဖြစ်ပြီး (၁) Yaw Gone Yi (ယောဂုဏ်ရည်) (၂) Yaw Funding Japan (၃) Yaw Funding Korea (South) (၄) Yaw Funding Thailand (၅) Yaw Funding Malaysia အဖွဲ့များမှ စုပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတကာတွင် ရောက်ရှိနေ ယောသူ/သားများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ ထောက်ပို့တပ်သားများအားလုံးပါဝင် ပေါင်းစည်းမှုကို ပြသပြီး ယောနယ်တွင်းရှိ တပ်ရင်း တပ်ဖွဲ့များ NUG အစိုးရ MOD လက်အောက်တွင် စုပေါင်းမစ်ရှင် ဖော်ဆောင်မှုများအတွက် ထိရောက်စွာ ထောက်ပံ့ပေးနိုင်ရေးကိုရည်ရွယ်ပါတယ်” ဟု ကမ်ပိန်း ဦးဆောင်သူ တစ်ဦးက​ပြောဆိုသည်။

အဆိုပါ ကမ်ပိန်း ကို Lucky Draw Ticket ရောင်းချပီး ပေါက်မဲများကို ပွင့်လင်းမြင်သာစွာ မဲဖောက်ပေးသွားမည် ဖြစ်ကြောင်း၊ Ticket များကို Fundraiser FB page Messenger အသီးသီးမှ ဝယ်ယူ ရရှိနိုင်သလို အောက်ဖော်ပြပါ ပါရှိသည့် အီးမေး/နိုင်ငံအလိုက် Telegram များမှလဲ သွားရောက် ဝယ်ယူ နိုင်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံYAW GONE YI (ယောဂုဏ်ရည်) FB Page link-https://www.facebook.com/yawgoneyi https://www.facebook.com/profile.php?id=100078783457088 Email – [email protected]
ဆက်သွယ် ဝယ်ယူနိုင်တဲ့ Telegram +6597442953

ဂျပန်နိုင်ငံ YAW FUNDING JAPAN FB Page Link-
https://m.facebook.com/story.php?story_fbid=187246583803897&id=100075556701170
ဆက်သွယ် ဝယ်ယူနိုင်တဲ့ Telegram +81 80-3500-6465

တောင်ကိုရီးယားနိုင်ငံ YAW FUNDING KOREA FB Page Link-https://www.facebook.com/yawfundingkorea
Email- yawfunYaw Funding Korea Telegram +821039965333 /+82 10-6870-0829

ထိုင်းနိုင်ငံ YAW FUNDING THAILAND FB Page Link-https://www.facebook.com/profile.php?id=100087434221758 Email – [email protected]
ဆက်သွယ် ဝယ်ယူနိုင်တဲ့ Telegram +66805722341

မလေးရှားနိုင်ငံ YAW FUNDING MALAYSIA FB Page Link-
https://www.facebook.com/profile.php?id=100086789904586 ဆက်သွယ် ဝယ်ယူနိုင်တဲ့ Telegram +601157418574

ဆုမဲလက်မှတ်အတွက် ပထမဆုကို I phone 14 ကို SGD 1450 Or 1450 နဲ့ ညီမျှသော မြန်မာ ကျပ်ငွေ၊ ဒုတိယ ဆု –
Airpod 2nd Gen ကို SGD 199 Or 199 $ ညီမျှသော မြန်မာ ကျပ်ငွေ၊ တတိယ ဆု – ပယင်း လည်ဆွဲ (အမျိုးသမီး ဝတ် ) မြန်မာငွေကျပ် ၁ သိန်း ၈ သောင်း တို့ လွှဲပြောင် ပေးအပ်သွားမှာ ဖြစ်ပါကြောင်းသိရသည်။

ကမ်ပိန်းမှ ရရှိလာသော ငွေကြေးများကို စုပေါင်း မစ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ဆီသို့ ကမ်ပိန်းဖြစ်မြောက်ရေး အဖွဲ့ ဝင်များ အားလုံး၏ သဘော တူညီမှု့ဖြင့် ထိထိရောက်ရောက် ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ ဆုမဲများကို ပြည်တွင်းပြည်ပ နေရာဒေသ အသီးသီးမှ ဝယ်ယူ အားပေးနိုင်ကြောင်း၊ ငွေပေးချေမှုကို သက်ဆိုင်ရာ နိုင်ငံအလိုက် ပေးချေနိုင်ပြီး NUG Pay မှ တဆင့်လဲ ပေးချေနိုင်ကြောင်း သိရသည်။

ဆက်သွယ်ဝယ်ယူနိုင်မှုများ အဆင်ပြေစေရန် Email [email protected]၊ Whatsapp/ Telegram +65 97442953 Telegram +82 10-6870-0829 တို့တွင်လည်း စုံစမ်းနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article