25.7 C
Yangon

ရန်ကုန်၊ မြို့ပြ ပြောက်ကျား GYG အဖွဲ့က “ပစ္စည်းလည်းယူ GUN လည်းကူ” ကမ်ပိန်း မဲလက်မှတ်များ ရောင်းချနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရန်ကုန်၊ မြို့ပြပြောက်ကျား GYG အဖွဲ့ သေနတ် ဝယ်ယူနိုင်ရေး ကမ်ပိန်း မဲလက်မှတ်များ ရောင်းချနေကြောင်း သိရသည်။

မဲလက်မှတ်များကို အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ကာ တစ်စောင် ၁ သောင်းကျပ်ဖြင့် ရောင်းချနေ​ပြီးစစ်အာဏာရှင် ကျဆုံးရေးအတွက် ပြည်သူတွေ၏ ချွေးနဲစာဖြင့် လှုဒါန်းထားသည့် ပစ္စည်းများကို Generation Y Guerilla အဖွဲ့က သေနတ် တစ်လက် ရရှိရေး မဲလက်မှတ်များ ရောင်းချနေခြင်း ဖြစ်ကြောင်း သိရသည်။

” ကျွန်တော်တို့ ပြည်သူတွေ အားလုံးက အခက်ခဲတွေကြားကနေ စစ်အာဏာရှင်ကို တွန်းလှန်နေကြရတာပါ။ ပြည်သူအားလုံးရဲ့ ချွေးနဲစာထဲကနေ စစ်အာဏာရှင် ကျဆုံးရေးအတွက် ငွေတစ်သောင်းတည်းနဲ့ Gun တစ်လက်လည်း ကူနိုင်မယ့် ပစ္စည်းလည်းယူ Gun လည်းကူ project အစီစဥ်မှာ စစ်အာဏာရှင် ကျဆုံးစေချင်တဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ ပြည်သူအားလုံးကလည်း အခက်ခဲ မပြေလည်မှုတွေကြားထဲကနေမဖြစ်မနေ ပူပေါင်းပါဝင်ကြမယ်လို့ကျွန်တော်တို့ GY Gအဖွဲ့သားများက တစ်ထစ်ချ ယုံကြည်ပြီး ဒီprojectလေးနဲ့ Gun အတွက်ရန်ပုံငွေရှာခြင်းဖြစ်ပါတယ်”ဟု GYG အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မဲလက်မှတ် ဝယ်ယူအားပေးမည့် ပြည်သူများ အနေဖြင့် Nugpay၊ Kpay၊ wavepay တို့ဖြင့်ဝယ်ယူအားပေးနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article