26 C
Yangon

တိုင်းပြည် ဖျက်ခဲ့သည့် မဘသ သင်္ကန်းဝတ် သုစိတ္တ(ခ) ဂျိုင်းမွှေး အနုတ်ခံ၊ မုဒိမ်း ကိုယ်တော်

Must read

By ဟိဏ်းဝေယံ

စစ်အာဏာသိမ်းနိုင်ဖို့အတွက် အကြမ်းဖက်စစ်တပ်နဲ့အတူ ရှေ့တန်းက ဦးဆောင်ပြီး တိုင်းပြည်ဖျက်ကြသူတွေထဲမှာ မဘသ အမည်ခံ သင်္ကန်းဝတ် အရည်ခြုံတွေ များစွာ ပါဝင်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ ထင်ရှားတဲ့ သင်္ကန်းခြုံတစ်ဦးကတော့ သုစိတ္တ လို့ခေါ်တဲ့ ပုဂ္ဂိုလ်လည်း အပါအဝင် ဖြစ်ပါတယ်။

သူနေထိုင်တဲ့ ကျောင်းကတော့ ရန်ကုန်မြို့၊ ဗဟန်းရေခဲဆိုင်မှတ်တိုင်၊ ဗဟန်း ဘင်္ဂလားတိုက်၊ ဦးသာသနာကျောင်းဝင်းထဲမှာ ရှိပါတယ်။ အစွန်းရောက် အမျိုးသားရေး လှုပ်ရှားသူတွေ၊ မဘသတွေ၊ လူမိုက်တွေဟာ ပွဲတွေမှန်သမျှ အဲဒီ သုစိတ္တကျောင်းမှာ စုဝေးပြီး စည်းဝေး တိုင်ပင်ကြတာလည်းဖြစ်ပါတယ်။

မဘသ ဘုန်းကြီး အရည်ခြုံ သုစိတ္တက ငယ်ဖြူ ရဟန်းမဟုတ်ဘဲ သာသနာဆိုင်ရာ ဘာဘွဲ့မှလည်း ရရှိမထားပါဘူး။ ဒါပေမယ့် သူ့ကိုယ်သူတော့ ဓမ္မာစရိယလို့ အမြဲ နာမည်တပ်ထားပါတယ်။

မဘသ အမျိုးသားရေး အစွန်းရောက်အသိုင်းအ၀ိုင်းကြားမှာတော့ သုစိတ္တကို ဒုတိယ ဝီရသူလို့ ကင် ပွန်းတပ်ထားကြပါတယ်။ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) ရဲ့ အတွင်းရေးမှူးရာထူးကိုလည်း သုစိတ္တက ယူထားပါတယ်။ ရန်ကုန်မြို့အတွင်း မဘသ အမည်ခံ အမျိုးသားရေးအစွန်းရောက် အလုပ်မှန်သမျှကို ကိုယ်တိုင် စီစဥ်ညွှန်ကြား လုပ်ကိုင်ခဲ့တာပါ။

ရန်ကုန်မှာ NLD အစိုးရလက်ထက် စစ်တပ်ရဲ့ထောက်ပံ့မှုနဲ့ ကျင်းပခဲ့တဲ့ သာသနာရေးဝန်ကြီး ဦးအောင်ကို ဖြုတ်ချရေး ဆန့်ကျင် ဆန္ဒပြပွဲ၊ NLD အစိုးရဖြုတ်ချပွဲ၊ စစ်တပ်ထောက်ခံပွဲ စတဲ့ ပွဲတွေအားလုံးကို သုစိတ္တကျောင်းမှာ စည်းဝေးကြပြီး သုစိတ္တက နာယက ၊ ခေါင်းဆောင် စတဲ့ ပုံစံမျိုးစုံနဲ့ ဦးဆောင်ပါဝင်ခဲ့ပါတယ်။

သုစိတ္တကို NLD အစိုးရ လက်ထက်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊ ဘာသာရေးလူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေရေး ဆူပူ လှုံ့ဆော်မှု တွေနဲ့ မြို့နယ်ရဲစခန်းများစွာက ဖမ်းဝရမ်းများစွာနဲ့ အမှုဖွင့်ခဲ့ပေမယ့် စစ်တပ်က ကာကွယ်ပေးထားလို့ အဖမ်းမခံခဲ့ရပါဘူး။ သူနေတဲ့ ကျောင်းနဲ့ ဗဟန် ရဟန်းစခန်းက ကပ်လျက်ပေမယ့် ရဲတွေလည်း သုစိတ္တကို သွား မဖမ်းရဲကြပါဘူး။

သုစိတ္တဟာ သင်္ကန်းဝတ်ထားပေမယ့် စာရိတ္တပိုင်းမှာ အကျင့်ပျက်ယွင်းသူလို့ နာမည်ကြီးပါတယ်။ အမျိုးသားရေးအစွန်းရောက်အကြား နာမည်ဆိုး နာမည်ပျက်တွေနဲ့ သုစိတ္တက ကျော်ဇောပါတယ်။

လွန်ခဲ့သော နှစ်အနည်းငယ်က ပဲခူးမှ အမျိုးသားရေး အစွန်း ရောက် အမျိုးသမီး စန္ဒီမြင့်အောင်နဲ့ သုစိတ္တတို့ ဘင်္ဂလားကျောင်းတိုက်ဝင်းအတွင်းက ကျောင်းတိုက်အခန်းတစ်ခုထဲမှာ ပလူးပလဲ မတော်မရော်လုပ်နေတာကို လူတွေက မြင်တွေ့သွားခဲ့ပါတယ်။

မာတုကာမနဲ့ သင်္ကန်းဝတ် မသင့်တော်ဘူးလို့ အများပြည်သူတွေက ဝေဖန်ပြောဆို ပြဿနာတက်လာတော့မှ အမျိုး သားရေး အစွန်းရောက် စန္ဒမြင့်အောင်က သုစိတ္တကို ဂျိုင်းမွှေးနှုတ်ပေးနေတာပါ၊ အခြားဘာမှ မလုပ်ပါဘူးဆိုပြီး ဗြောင်လိမ် ရှင်းချက်ထုတ်ရပါတယ်။ အဲဒီအချိန်ကစလို့ ဂျိုင်းမွှေးနှုတ် ကိုယ်တော်လို့လည်း နာမည်ကျော်ဇော ထင်ရှားလာခဲ့ပါတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကျန်ပါသေးတယ်။ အမျိုးသားရေးသမားတစ်ဦးဖြစ်တဲ့ နာမည်ပြောင် ကပ္ပိယလို့ ခေါ်တဲ့သူရဲ့ ဇနီးကိုလည်း သူ့ကျောင်းကို လာတဲ့ချိန် အခန်းရှင်းပေးပါလို့ ခိုင်းပြီး အခန်းထဲမှာ ဂျက်ထိုးကာ သုစိတ္တက မုဒိမ်း ကျင့်ခဲ့ပါတယ်။

ဒါကို အမျိုးသားရေးသမား ကပ္ပိယက သူ့ဇနီးကို မုဒိမ်းကျင့်မှုအတွက် သုစိတ္တကို ပြသာနာရှာပါတယ်။ ဒါပေမယ့် သုစိတ္တ ရဲ့ တပည့် လူမိုက် ကျောက်ခဲ အပါအဝင် အမျိုးသားရေးအစွန်းရောက်တွေက ကပ္ပိယကို မုဒိမ်းမှု ကိစ္စ မတိုင်ကြားဖို့နဲ့ ပြဿနာမရှာဖို့ ခြိမ်းခြောက်ကြပါတယ်။ ကပ္ပိယဟာ အိမ်ထောင်ကျတာ ကြာပြီဖြစ်ပေမယ့် သူ့မှာ ချို့ယွင်းချက် ရှိလို့ သားသမီး မရနိုင်ခဲ့ပါဘူး။

ဒါပေမယ့် သုစိတ္တက သူ့ဇနီးကို မုဒိမ်းကျင့်လိုက်ချိန်မှာတော့ ကိုယ်ဝန် ရရှိလာခဲ့ပါတယ်။ အခုဆိုရင် အဲဒီကလေးက ၃ နှစ်သားလောက်တောင် ရှိနေပါပြီ။ ဒါကိုလည်း အမျိုးသားရေးသမားတွေ အားလုံး သိကြပါတယ်။

ဒါ့အပြင် သုစိတ္တဟာ ငွေနဲ့ပတ်သက်ရင်လည်း လိမ်လည်မှုများစွာ လုပ်ဆောင်ခဲ့ပါသေးတယ်။ စစ်တပ်ထောက်ခံပွဲ ၊ NLD အစိုးရဖြုတ်ချရေးပွဲတွေအတွက် စစ်တပ်နဲ့ ကြံ့ဖွတ်က ချထားပေးတဲ့ ငွေကြေးတွေကို သူ့တပည့် အမျိုးသားရေး အစွန်းရောက်တွေနဲ့ပေါင်းပြီး လိမ်လည်ကြပါတယ်။

နာမည်ကြီး ငွေလိမ်လည်မှု တစ်ခုကတော့ ၂၀၁၉ ခုနှစ် လှည်းကူးမှာ အစ္စလမ် ဘာသာဝင်များရဲ့ အစ်နေ့အတွက် နွားတွေ ဝယ်ယူထားကို သွားပြီး ပြဿနာရှာပါတယ်။ နွားတွေကို ဘေးမဲ့ လွှတ်ပေးဖို့ တောင်းဆိုပြီး နွားတွေ ဘေးမဲ့လွတ်လာရင် ကျွေးနိုင်ဖို့ နွားစာဖိုး လူမှုကွန်ရက်မှာ အလှူခံခဲ့ပါတယ်။ နွားစာဖိုး သိန်း ၃၀ ကျော်ရရှိခဲ့ပေမယ့်လည်း အဲဒီငွေတွေက နွားစာအတွက်မဖြစ်ဘဲ သုစိတ္တ လက်ချက်နဲ့ပဲ အဖြောင်ခံလိုက်ရပါသေးတယ်။

သုစိတ္တက သူ့ကိုယ်သူ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တယ်ဆိုပြီး အမြဲ ကြွားဝါတတ်ပေမယ့်လည်း တကယ့် သူ့နောက်ကြောင်းကို ဖုံးကွယ်ထားလေ့ရှိပါတယ်။

သင်္ကန်းဝတ်ထားပေမယ့် ဝိနည်းနဲ့ မညီတဲ့ အလုပ်မှန်သမျှ သုစိတ္တလုပ်ခဲ့ပါတယ် ။ ဘာသာရေးလူမျိုးရေး ပဋိပက္ခ ဖြစ်အောင်၊ ၂၀၁၇ ကြေးသွန်းဘုရားမှာ လုပ်ခဲ့တဲ့ NLD အစိုးရဖြုတ်ချရေး သပိတ်မှာလည်း ဘာသာခြားတွေရဲ့ အဆောက်အအုံတွေကို ဗုံးခွဲဖို့ သုစိတ္တက ကြံစည်ခဲ့ပါသေးတယ်။ NLD အစိုးရ ဖြုတ်ချရေး သပိတ်ကနေတစ်ဆင့် မတည်မငြိမ်ဖြစ်ပြီး စစ်အာဏာ သိမ်းအောင် ကြံစည်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့အကြံအစည်တွေ အထမမြောက်ခဲ့ပါဘူး။

ဘုန်းကြီးကျောင်းလို့ အမည်ခံထားတဲ့ သုစိတ္တကျောင်းမှာ မြေအောက်ခန်းထားရှိပြီး သူလျှို့ဝှက်ထားချင်တဲ့ ပစ္စည်းတွေကို မြေအောက်ခန်းထဲ ထည့်ထားလေ့ရှိပါတယ်။

သုစိတ္တဟာ သာသနာအရေခြုံပြီး တိုင်းပြည်ကို ဖျက်ဆီးခဲ့ပါတယ်။ ဝိနည်းနဲ့မညီတာမှန်သမျှ မကောင်း တာမှန်သမျှ သုစိတ္တ လုပ်ခဲ့ပါတယ်။ လုပ်နေဆဲပါပဲ။ ငွေကြေးရဖို့နဲ့ အနေအစားချောင်ဖို့ စစ်တပ်ရဲ့ ကိုးကွယ်ယုံကြည် အလေးထားမှုကို အရမ်းလိုချင်တဲ့ သုစိတ္တဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ခရီးလမ်းကို ဖျက်ဆီးခဲ့တဲ့ သမိုင်းတရားခံ တစ်ဦးဆိုရင် မမှားနိုင်ပါဘူး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article