26 C
Yangon

နယူးယောက်တွင် မြန်မာစစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဖားကန့်မှ လေယာဉ်ဗုံးကျဲမှုကြောင့် ကျဆုံးပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အီရန်၊ ယူကရိန်းနှင့်မြန်မာများ စုပေါင်း ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် မြန်မာစစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဖားကန့်မှ လေယာဉ်ဗုံးကျဲမှုကြောင့် ကျဆုံးပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အီရန်၊ ယူကရိန်နှင့်မြန်မာများက ယနေ့ အောက် တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း (အမေရိကန်စံတော်ချိန် အောက်တိုဘာ ၂၉ ရက်နေ့ )စုပေါင်း ချီတက် ဆန္ဒပြကြသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ကောင်ရှိ Time Square တွင် ကမ္ဘာလုံးဆိုင်ရာမြန်မာကျောင်းသားသပိတ်ကို GMSR ၏အစီအစဉ်များအတိုင်း NYCBC က ဦးဆောင်ကျင်းပကြသည်။

အဆိုပါအခမ်းအနားသို့ မြန်မာတိုင်းရင်းသားများနည်းတူ ယူကရိန်းနှင့်အီရန် တို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကလည်း လာရောက်ပူးပေါင်းပါဝင်အင်အားဖြည့်ခဲ့ကြသည်။

Time Square တွင်ကျင်းပသော ကမ္ဘာလုံးဆိုင်ရာကျောင်းသားသပိတ်သို့ အမေရိကန်ရှိ တက္ကသိုလ်ကောလိပ်များတွင် လက်ရှိတက်ရောက်ပညာသင်ကြားနေကြသော Generation Z များတက်ရောက်ကာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော မြန်မာကျောင်းသားများ ပညာသင်ကြားနေရင်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်ခံရမှု အသတ်ခံရမှု ဖမ်းဆီးနှိပ်စက်ခံရမှုများကို ရှင်းလင်းတင်ပြကန့်ကွက်ခဲ့ကြသည်။

နယူးယောက်ရှိ ယူကရိန်းအရေးလှုပ်ရှားသူ ( Arthur Zgurov) ယူကရိန်းစစ်သားဟောင်းများဖြစ်ကြသော Anton and Victor ,အီရန်အရေးလှုပ်ရှားသူ (Masih Alinejad နှင့် Sepideh Moafi ) Ethiopiaကျောင်းသူ
Saba Desta တို့မှလည်း မြန်မာကျောင်းသားများနှင့် တသားထဲရပ်တည်​ကြောင်း မြန်မာ့နွေဦးတော်လှန်ရေးနှင့် အတူတကွရပ်တည်ကြောင်းတို့ကို တက်ရောက်ပြောကြားခဲ့ကြသည်။

အဆိုပါအခမ်းနားတွင် မကြာသေးခင်က ကချင်ပြည်နယ်ဖားကန့်မြို့ရှိ လူစုလူဝေးဖြင့်ကျင်းပနေသော ဂီတဖျော်ဖြေပွဲကို စကစ စစ်တပ်၏လူမဆန်သော ရက်စက်ယုတ်မာမှုဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ကြွေလွင့်ခဲ့ကြသော အပြစ်မဲ့ပြည်သူ ၈၀ ကျော်အတွက် ဝမ်းနည်းဆုတောင်းပွဲ အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

ထို့နောက် လက်ယက်ကုန်းကျေးရွာတွင် ပညာသင်ကြားရင်း စကစ၏ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရွယ်မတိုင်ခင်ကြွေလွှင့်သွားကြရရှာသော အပြစ်မဲ့ကျောင်သားကလေးငယ်များနှင့် ကချင်ပြည်နယ်ဖားကန့်မြို့စတိတ်ရှိုးတွင် အပြစ်မဲ့စွာကြွေလွှင့်သွားရသော အပြစ်မဲ့ပြည်သူများတို့အတွက် ဝမ်းနည်းဆုတောင်းစကားများ ကဗျာရွတ်အစီစဉ်များ ထည့်သွင်းကျင်းပကာ ကြွေးကြော်သံများဖြင့် အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

နယူးယောက်စံတော်ချိန် နေ့လည် ၃ နာရီမှ ညနေ ၅ နာရီအထိ Time Square တွင်ကျင်းပသော အဆိုပါ ကမ္ဘာလုံးဆိုင်ရာ ကျောင်းသားသပိတ်သို့ မြန်မာတိုင်းရင်းသားများနှင့်အတူ ယူကရိန်းနှင့်အီရန်တို့မှပြည်သူ (၁၅၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article