27 C
Yangon

တောင်ကိုရီယားတွင် ပရိသတ် တောင်းဆိုမှုကြောင့် ဒါရိုက်တာကိုပေါက်၏ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို နောက်တစ်ကြိမ် ရုံတင်ပြသ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

တောင်ကိုရီယားရောက် မြန်မာပရိသတ်များ တောင်းဆိုမှုကြောင့် ဒါရိုက်တာကိုပေါက်၏ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို နောက်ထပ်တစ်ကြိမ် ရုံတင်ပြသရန် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီယား)နှင့် ရဲဘော်ရဲဘက်ညီအကိုများ(ဘူဆန်း)
ဂင်မဲနွေဦးတော်လှန်ရေးအဖွဲ့တို့ ပူပေါင်းစီစဉ်၍ ဂင်မဲ ချီလ်အမ်း ယဉ်ကျေးမှုစင်တာ Gimhae Chilam Cultural Center (칠암문화센터) တွင် အောက်တိုဘာ ၃၀ ရက်နေ့ (ယနေ့) တွင် နှစ်ကြိမ်ခွဲပြသမည်ဖြစ်ပြီး ရုပ်ရှင်ကို လာရောက်ကြည့်ရှုသူ များပြား၍ ခုံနေရာရရန်အတွက် တန်းစီပြီးစောင့်ဆိုင်းပြီးကာ ကြည့်ရှုကြကြောင်း၊ ရုပ်ရှင်ပွဲကို တောင်ကိုရီယားဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း လာရောက် အားပေးရှုကာ တောင်ကိုရီးနိုင်ငံ နယ်မြေသက်ဆိုင်ရာ အာဏာပိုင်အချို့လည်း လာရောက်ကြည့်ကြကြောင်း သိရှိရသည်။

တော်လှန်ရေး လူငယ်တွေ စုပေါင်းပြီး ဒါရိုက်တာကိုပေါက်ရဲ့ အနုပညာလက်ရာမွန်ကို ရုပ်ရှင်လက်မှတ် ဝယ်ယူအားပေးသူများအတွက် ကံစမ်းမဲများ ဖောက်၍ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အမှတ်တရ “မိုးခါးရေ” အင်္ကျီရောင်းချပေးနေခြင်းဖြစ်ပြီး ဇာတ်ကားပြသခြင်းမှ ရရှိသည့် ငွေများကို တော်လှန်ရေးအတွက်လှူဒါန်းသွားကြမည်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article