27 C
Yangon

ရဲ ၁၁ ဦး သေဆုံးခဲ့သော ငါ့သရောက်မြို့ ရဲစခန်း ဝင်စီးခံရမှု PDF တပ်ဖွဲ့များက တိုက်ခိုက်ခြင်းဖြစ်ပြီး PDF စခန်းတစ်ခုကို စစ်တပ်က ဖျက်ဆီးခဲ့မှုအပေါ် လက်စားချေဟုဆို၊ PDF ၁ ဦးကျဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ရဲစခန်းကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော် PDF မဟာမိတ် တပ်ဖွဲများ ပူးပေါင်း တိုက်ခိုက်ရာ စခန်းမှူး၊ ဒုရဲအုပ် အပါအဝင် ရဲ ၁၁ ဦး သေဆုံးပြီး လက်နက် ၇ လက် ရရှိကြောင်း၊ အဆိုပါတိုက်ခိုက်မှုသည် မြောင်မြို့နယ်၊ ပရိမ္မကျေးရွာရှိ မြင်းခြံခရိုင်တပ်ရင်း ၃ ၏ စခန်းကို စစ်တပ်က ဝင်စီးမှု အပေါ် လက်တုံ့ပြန်ခြင်းဖြစ် ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ ၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ်၃ တပ်ခွဲ၂ TTA ပျောက်ကျားတပ်(တောင်သာ)၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် ၃၊ တပ်ခွဲ ၁ မြေလတ် PDF ၊ တပ်ခွဲ ၃ Seven Defense Force-MGN Black Tiger ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ 27 Revolution Force ၊ BAGAN OGRE Force၊ Natogyi Regional Defense Force အပါအဝင် မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခြင်းဖြစ်သည်။

အောက်တိုဘာ၊၂၉ရက်ည‌‌နေ ၄ နာရီ ၃၀ မိနစ် အချိန် တောင်သာမြို့ အနောက်ဘက် (၁၄)မိုင်အကွာ ငါးသရောက် နယ်မြေရဲစခန်းကို ၄၅ မိနစ်ခန့်ကြာ ဝင်ရောက် စီးနင်းတိုက်ခိုက်ရာ မြင်းခြံခရိုင် တပ်ရင်းအမှတ်(၃)တပ်ခွဲ(၂) မှ တပ်ခွဲမှူး TTA-ပြောက်ကျားတပ် ဒုခေါင်းဆောင် State Agriculture institute (S.A.l)ပုသိမ်ကြီး ပထမနှစ်ကျောင်းသားမောင်ဝေဖြိုး(ခေါ်) ဝင်းကိုရှိန် အသက် (၂၁)နှစ် ကျဆုံးခဲ့ကြောင်း သိရှိရသည်။

“ကျဆုံးသွားတဲ့ ဒုခေါင်းဆောင်ရဲ့ ဆန္ဒကိုပြောချင်ပါတယ်။ အခု ငါ့သရောက်ရဲစခန်းကို တိုက်ခိုက်မှုက မြောင်မြို့ နယ်၊ ပရိမ္မကျေးရွာမှာရှိတဲ့ မြင်းခြံခရိုင်တပ်ရင်း ၃ စခန်းကို စစ်တပ်က ဝင်စီးတိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တာပါ” ဟု မြင်းခြံခရိုင်တပ်ရင်း ၃ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် ရဲအုပ် စခန်းမှူး ၊ ဒုရဲအုပ်၊ နယ်ထိန်းတပ်ကြပ်ကြီး အပါအဝင် ရဲ ၁၁ ဦးလုံး သေဆုံးခဲ့ကြောင်း ၊ လက်နက် G 3 ၄ ဘက် ၊ AK ၂ လက်နှင့် ခြောက်လုံးပြူး ၁ လက် စုစုပေါင်း ၇ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

” ရဲစခန်းကို ဝင်သိမ်းတာ စခန်းမှူး၊ ဒုရဲအုပ်၊တပ်ကြပ်ကြီး ၊ နောက်ပြီးတော့ ရဲမေ ၁ ယောက်အပါ ၁၁ ယောက်သေတယ်။ လက်နက်က ၇ လက်ရတယ်။ G-3 ၄ လက်၊ AK ၂ လက်၊ ၆ လုံးပြူး ၁ လက် ၇ လက်ရတယ်။ စခန်းကို သိမ်းနိုင်ခဲ့တာပေါ့။ စစ်ကိုင်းတို့ ဘာတို့လို ရဲစခန်းကို မီးရှို့အောင်ပွဲခံနိုင်တဲ့ အချိန်မရှိတဲ့အတွက်ကြောင့်မို့ပါ။ မြန်မြန်ပြန်ဆုတ်လာရတာပါ။ ရဲစခန်းကို သိမ်းနိုင်ခဲ့ပါတယ်။ ရဲစခန်းမှာရှိတဲ့ ရဲတွေလည်း ထွက်ပြေးတဲ့သူတွေက ပြေးကြတယ်။ စခန်းမှာ ကျန်နေခဲ့တဲ့သူ အကုန်သေတာပေါ့” ဟု မြင်းခြံခရိုင် တပ်ရင်းအမှတ် (၃) ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းလင်းပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article