27 C
Yangon

ဘုရင်ရူး မင်းအောင်လှိုင်နဲ့ မိန်းမ ကြူကြူလှ ဆင်သားပေါက်ကို နာမည်နှင့်ဘွဲ့ပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

အကြမ်းဖက် ဘုရင်ရူး မင်းအောင်လှိုင်က ဒီနေ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိနေတဲ့ ဆင်သားပေါက်ကို နာမည်နဲ့ ဘွဲ့ပေးတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

ဆင်သားပေါက် နာမည်နဲ့ဘွဲ့ပေးပွဲကို ဒီနေ့ နံနက်ပိုင်း နေပြည်တော်၊ ဥပ္ပါတသန္တိ ဝင်းအတွင်းမှာ ဆင်သားပေါက် နာမည်ပေးပွဲအဖြစ် ဘုရင်ရူးရူးနေတဲ့ မင်းအောင်လှိုင်နဲ့ မိန်းမ ကြူကြူလှတို့ တက်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆင်သားပေါက်ကို “ရဌနန္ဒက” လို့ အမည်ပေးထားတယ်လို့ သိရပြီး နေပြည် တော်မှာပဲ ဆင်အမေကြီးနဲ့အတူ ချုပ်နှောင်ထားမှာလို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်၊ သစ်တောဌာနဆင်ဝိုင်း၊ ဇာနန်းလှ ဆင်မကြီးက ဇူလိုင် ၂၃ ရက်က ဆင်အကောင်ပေါက် တစ်ကောင် မွေးဖွားခဲ့ပြီး အဲဒီဆင်အကောင်ပေါက်ကို ဆင်ဖြူတော်လို့ အကြမ်းဖက်စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်ရဲ့ ဆရာ သန်းရွှေလက်ထက်မှာလည်း ဆင်ဖြူတော်တွေ ပေါ်တယ်ဆို‌ပြီး ဆင်အကောင် ၉ ကောင်ကို ဆင်ဖြူတော်လို့ကြေညာပြီး ရန်ကုန်နဲ့ နေပြည်တော်မှာ ချုပ်နှောင် အစာကျွေးထားခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article