27 C
Yangon

မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက် အုပ်ချုပ်ရေးမှူး မြတ်နိုးကျော်၊ မတ္တရာမြို့နယ်၊ လှိုင်ကျွန်းရွာ အုပ်ချုပ်ရေးမှူး ဝင်းနိုင်၊ တွံ့တေမြို့နယ်မှ ရဲအမှုပွဲစား အုန်းမြင့်တို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊လဝကရုံးတွင် စစ်ကောင်စီအတွက် အလုပ် လုပ်ပေးနေသူ စစ်ကောင်စီခန့် နန္ဒဝန်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးခေါင်းဆောင် မြတ်နိုးကျော်ကို Myingyan Black Tiger (MBT)က ပစ်ခတ်ရှင်းလိုက်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတငးဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁နာရီ ဝန်းကျင်တွင် မုံရွာမြို့နယ်၊ နန္ဒဝန် ရပ်ကွက်အုပ်ချုပ်ရေးမှူး မြတ်နိုင်ကျော်ကို ဝင်ရောက် ပစ်ခတ်စဥ် မြတ်နိုးကျော်က လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် Myingyan Black Tiger (MBT)မှ ရဲဘော်တစ်ဦး လက်ပစ်ဗုံးထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း၊ မြတ်နိုးကျော်မှာ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီ ရန်ကုန်တိုင်း၊ တွံတေးမြို့ ၊ အိုးဖိုရပ်ကွက်တွင် ရဲအမှုပွဲစား အုန်းမြင့် ပစ်ခတ်ခံရပြီး သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထို့အတူ အောက်တိုဘာလ ၂၉ ရက်နေ့ မန္တလေးတိုင်း ၊ ပြင်ဦးလွင်ခရိုင် ၊ မတ္တရာမြို့နယ် လှိုင်ကျွန်းကျေးရွာ မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး၊ ပျုစောခေါင်းဆောင် ၀င်းနိုင်ကို နဂါးနီပြောက်ကျားတပ်ဖွဲ့နှင့် မတ္တရာမြို့နယ် ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့ က ပူးပေါင်း၍ ၎င်း၏နေအိမ်သို့ ၀င်ရောက်ဖမ်းဆီးပြီး စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် အပြစ်ရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ရှင်းလင်းလိုက်ကြောင်း ပျော်ကျားတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- မတ္တရာမြို့နယ် လှိုင်ကျွန်းကျေးရွာ မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး၊ ပျုစောခေါင်းဆောင် ၀င်းနိုင် မသေဆုံးမီ တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article