27 C
Yangon

ငါးဇွန်မြို့နယ် KTV ၌ မူးရူးနေသည့် ရဲများ ပစ်ခတ်ခံရပြီး ဒုရဲအုပ် အပါအဝင် ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုလာ ၃၀

မန္တလေး၊ ငါန်းဇွန်မြို့နယ်တွင် KTV၌ မူးရူးနေသည့် ရဲများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မြို့သာ စက်မှုဇုန်အနီး ဖွင့်လှစ်ထားသော ဝါဆိုဦး KTV၌ မူးရူးနေသည့် ငါန်းမြာ ရဲစခန်းမှ စခန်းမှူးနှင့် ဒုရဲအုပ် ရာဇာဝင်းမြင့် အပါအဝင် ရဲတပ်သား ၉ ဦးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံး၊ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒုရဲအုပ် ရာဇာဝင်းမြင့် အပါအဝင် ၉ ဦးသေဆုံး​ကာ စခန်းမှူးကို မြို့သာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို TGYR- Youth Guerrilla Counter Revolution (LPDF)၊ Myit Nge People Defence Force- MN PDF၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ မာန်စွယ်ကျား ပြောက်ကျားတပ်ဖွဲ့၊ မီးနဂါး NZN တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း-၇ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article