27 C
Yangon

(Edited Version)မိုးမောက်၊ လုံဂျာဘွမ်တိုက်ပွဲတွင် KIA ၊ PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၈၁ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လုံဂျာဘွမ်တောင်တွင် စစ်တပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်များအကြား ယမန်နေ့က တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၈၁ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

အောက်တိုဘာ ၂၉ ရက်နေ့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုနှင့် ထိခိုက်မှု များလွန်းသဖြင့် တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေပြီး မြို့ထဲသို့ စစ်တပ်က ပစ်ခတ်သော လက် နက်ကြီး ကျည်ကျရောက်၍ အမျိုးသမီး ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“စစ်ခွေးတွေဘက်က အနည်းဆုံး ၈၁ ဦး သေဆုံးတယ်လို့ အတည်ပြုပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းကတည်းက စစ်တပ်က တိုက် လေ ယာဉ်များဖြင့် လုံဂျာတောင်ကို တိုက် လေယာဉ်များ အဆက်မပြတ်ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် တစ်နေ့လုံး ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ KIA၊ PDF တပ်များက စစ်ကောင်စီတပ်များ၏ ထိုးစစ်ကို ခုခံနေပြီး စစ်တပ်ဘက်က သေဆုံးမှုများနေသဖြင့် ထိုသို့ လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“စစ်ခွေးတွေ Airstrike လာပစ်တာ ၁၀ လုံးကျော်တယ်။ စစ်ခွေးတွေအရမ်းအထိနာနေတော့လာပစ်တာ။အခုထိလုံဂျာတောင်ကိုမရတော့မိုးမောက်မြို့ထဲကိုလက်နက်ကြီးရမ်းပစ်တာ။ စစ်ခွေးတွေစစ်ကြောင်းပြုတ်သွား‌ တယ်လို့ သိရတယ်။ ဂျက်ဖိုက်တာနဲ့ ပစ်တာ။ လက်နက်ကြီးက မိုးမောက်မြို့ခါနန်ရပ်ကွက်မှာကျတာမှာ အမျိုးသမီးတစ် ယောက်ထိတယ်၊ ဒဏ်ရာရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး မိုးမောက်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခလရ ၄၃၇ က လက်နက်ကြီးများဖြင့် လုံဂျာတောင်ကျောပေါ်သို့ အဆက်မပြတ်ပစ်နေခဲ့ကြောင်း၊ တိုက် လေယာဥ်များဖြင့်လည်း နေ့တိုင်း ဗုံးကျလျက်ရှိကြောင်း ၊ မိုးမောက်မြို့နယ်တွင် စစ်တပ်နှင့် KIA၊ PDF ပူးပေါင်း တပ်များအကြား တိုက်ပွဲများပြင်းထန်နေပြီး အောက်တိုဘာလ ၂၂ ရက်နေ့ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ လုံဂျာဘွမ်တောင်တိုက်ပွဲတွင် သေဆုံးနေသော အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။

Photo Supported by KIA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article