ရန်ကုန်၊ အောက်တိုဘာ ၃၀
ကနီမြို့နယ်တွင် ကျေးလက်သူပုန် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲတွင် “ဖားကန့်အနန့်ပါတွက် ဝမ်းနည်းမှုကို တော်လှန်ရေး ခွန်အားအဖြစ် အရှိန်မြှင့်ကြ” နှင့် “ကယ်တင်ရှင်ဘယ်သောအခါမှမရှိ” စာတန်း ကိုင်ဆောင်ကာ ချီတက်ခဲ့ကြောင်း သိရသည်။