ရန်ကုန်၊ အောက်တိုဘာ ၃၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်းတွင် ယနေ့ ည ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီး လူတစ်ဦး သေဆုံးကြောင်း ကချင် ပြည်နယ်ရဲတပ်ဖွဲ့၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်အချိန် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမဘေး၊ အစိုးရအဖွဲရုံးနောက် ၊ ကိုဗစ် ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီရုံးအနီးတွင် ဗုံးပေါက်ကွဲကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ကယ် ၁ စီးပေါ်ပါ လူတစ်ဦး ခန္ဓာကိုယ်တစ်စီဖြစ်၍ သေဆုံးနေကြောင်း သိရှိရသည်။
“ဆိုင်ကယ်နဲ့ ဗုံးသယ်လာရင်း ပေါက်တဲ့ပုံစံမျိုးလို့ ယူဆရပါတယ်”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။