27 C
Yangon

ကန့်ဘလူတွင် ၉ ရက် ဆက်တိုက်တိုက်ပွဲဖြစ်ပြီး အမြောက်တပ် ၆၀၀၆ မှ စစ်သား ၃၀ ဦးသေဆုံး၊ PDF ရဲဘော် ၃ ဦး ကျဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် အောက်တိုဘာလ ၂၂ ရက်နေ့မှ ယနေ့ အထိ ၉ ရက်တာတိုက်ပွဲဖြစ်ပွားပြီး ကန့်ဘလူ အမြောက်တပ် ၆၀၀၆ မှ စစ်သား ၃၀ ဦးသေဆုံးကြောင်း၊ တိုက်ပွဲများတွင် PDF ၃ ဦးကျဆုံးကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး ကန့်ဘလူမြို့အမြောက်တပ် ၆၀၀၆ မှ စစ်သားများ၊ ပျူစောထီးများသည် ကန့်ဘလူမြို့နယ် တောင်ပိုင်းအခြမ်းကို စစ် ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းကို ကန့်ဘလူUG နှင့် မဟာမိတ်အဖွဲ့များက ဆက်တိုက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က စစ် ကြောင်းထိုးနေသည့် ၉ရက်အတွင်း မိုင်းဆွဲခြင်း၊ Droneဖြင့် ဗုံးသီးချအကြိမ် ကြိမ်တိုက်ခိုက်ခြင်း၊ ထိတွေ့မှုများ ဖြစ်ပွားခြင်းများကြောင့် စစ်သား ၃၀ ဦး သေဆုံးကြောင်း၊ UG မဟာမိတ်အဖွဲ့များဘက်မှလည်း Drone ၂ စီး ပျက်စီး ဆုံးရှုံးခဲ့ရပြီး တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကြောင်း၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာပေါင်း ၁၈ ရွာမှ ပြည်သူပေါင်း၂‌သောင်းခွဲမှ ၃သောင်းအကြား အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရကြောင်း၊ တစ်ရွာဝင် တစ်ရွာထွက် ရွှေ၊ငွေပစ္စည်းများ ခိုးယူခြင်း အပြစ်မဲ့ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဉာဏ်အင်းရွာမှ နေအိမ် ၁၁ လုံး၊ ညောင်ပင်ရွာမ(ရွာသစ်)ရွာမှ နေအိမ် ၈ လုံးနှင့် အင်းလယ်ကြီးရွာမှ နေအိမ်
၁၃၂ လုံး စုစုပေါင်း အိမ်ခြေ ၁၅၁ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ သရက်တာရွာနှင် အင်္ဂါထောင့်ရွာဘက်မှ တောတွင်းရှိ တဲတိုက်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် သင်ပေါင်းကျင်းနှင့် ညောင်ဇင်(လေး)မှ ပျူစောထီးများ သည် ရှမ်းတပ်ရွာမှ နွားအကောင် ၇၀ ခန့်ကို မင်းကုန်း(က)ရွာဘက်သို့ မရမက ခိုးယူသွားကြောင်း၊ မင်းကုန်းရွာထဲတွင် ကြက်၊ဝက်များ သတ်ဖြတ်စားသောက်ခဲ့ပြီး ဆိုင်ကယ်(၂)စီးလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ အောက်တို ဘာလ ၃၀ ရက်နေ့တွင် စစ်ကြောင်းသည် ပေလည်ရွာတွင် အင်အား ၁၀၀ ၊ မဲသည်ရွာတွင် အင်အား ၅၀ ဝင်ရောက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article