28 C
Yangon

CDM ဝင်ခဲ့သော်လည်း ဩဇီမသွားရခဲ့သော ဒုဗိုလ်မှူးကြီး မျိုးမင်းထွန်း စစ်ကောင်စီ လက်အောက်ပြန်ခိုလှုံ ပြီး NUG နှင့် PDF များကို သိက္ခာချ၊ CDM စစ်သား၊ ရဲနှင့် အရပ်ဘက်ဝန်ထမ်းများ ဩစတြေးလျ သွားခွင့်ရသူ တစ်ဦးတစ်ယောက်မှ မရှိဟု ရမ်းသန်းပြောဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၅

CDM ခမရ ၃၅၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ဩစတြေး လျ နိုင်ငံသို့ သွားရောက်ခွင့်မရသည့် အတွက် စစ်ကောင်စီလက်အောက်သို့ ပြန်လည် ခိုလှုံသွားပြီး NUG နှင့် PDF များကို သိက္ခာချသော ထွက်ဆိုချက်များကို စစ်ကောင်စီ မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်လျက်ရှိသည်။

၂၀၂၂ ခုနှစ် ၊မတ်လအတွင်း CDM ဝင်ခဲ့သော ဒုဗိုလ်မှူးကြီးမျိုးမင်းထွန်းက တပ်တွင် ရန်ပုံငွေများ အလွဲသုံးစာမိကြောင်း၊ မိသားစုနှင့်ဆွေမျိုးများအပေါ် ဖိအားပေးမှုများရှိကြောင်း၊ ထို့ကြောင့် CDM ဗိုလ်ကြီးညီသုတနှင့်ချိတ်ဆက်ကာ CDM ဝင်ခဲ့ကြောင်း၊ အင်တာဗျူးများကို ဗိုလ်ကြီးညီသုတနှင့်တိုင်ပင်၍ ပြည်သူ့ပန်းတိုင် ဖေ့ဘုတ်နှင့် မီဒီယာများတွင် ဖြေဆိုပြီး စစ်သားများကို CDM ဝင်ခိုင်းမိကြောင်း ၎င်းက ပြောသည်။

၎င်းအနေဖြင့် ဩစတြေးလျနိုင်ငံသို့ သွားရောက်ခွင့်ရရှိမည်ဟု CDM ဗိုလ်ကြီးညီသုတ ပြောဆို၍ ထိုင်းနိုင်ငံဘက်ကူးခဲ့ကြောင်း၊ သို့ရာတွင် ဩစတြေးလျသို့ သွားခွင့်မရခဲ့ကြောင်း၊ ကွန်ပျူတာဘွဲ့ရဖြစ်ပြီး တပ်ရင်းမှူး ဖြစ်သည့် ၎င်းပင်လျှင် ဩစတြေးလျသွားခွင့် မရလျှင် CDM စစ်သား၊ ရဲနှင့် အရပ်ဘက်ဝန်ထမ်းများ ဩစတြေးလျရောက်ရှိသူ တစ်ဦးတစ်ယောက်မှ မရှိကြောင်း ၎င်းက ပြောဆိုသည်။

CDM ဝင်ခဲ့ချိန်က ခမရ ၃၅၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီး မျိုးမင်းထွန်းက မွေးဖွားကြီးပြင်းခဲ့ရာ ဇာတိမြေ ဖြစ်သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းကို စစ်ကောင်စီက ဗုံးကျဲ မီးရှိုနေ့၍ အမေ့အိမ်ပင် မပြန်ရဲတော့သည့်အပြင် ပြည်သူက မုန်းတီးပြီး စစ်ခွေးဟုလည်းကောင်း၊ ရန်သူဟုလည်းကောင်း ခေါ်ဆိုသည့် ဘ၀တွင် မနေနိုင်တော့၍ CDM ဝင်ရန် ဆုံးဖြတ်ခဲ့ဟု ပြောဆိုခဲ့ပြီးနောက် ဩစတြေးလျသွားခွင့်မရ၍ စစ်ကောင်စီလက်အောက်သို့ ပြန်လည်ခိုလှုံသွားခြင်း လည်းဖြစ်သည်။

ရန်ကုန်ခေတ်သစ်၏ လေ့လာချက်များအရ ဩစတြေးလျနိုင်ငံသို့ ရောက်ရှိသည့် CDM အရပ်ဘက်ဝန်ထမ်း၊ ထွေ/အုပ် ဝန်ထမ်း၊ ကျောင်းဆရာမ၊ စစ်အရာရှိများ ဆယ်ဂဏန်းအထက်ရှိနေပြီး ဩစတြေးလျဘက်သို့ ဆက်လက် ခေါ်ယူလျက်ရှိနေသည်ကို တွေ့ရှိရသည်။

“တချို့တွေက အင်တာဗျူးမှာ ကျတာတွေရှိတယ်။ လူတိုင်းဩဇီ သွားခွင့်ရတာမဟုတ်ပါဘူး။ သူလိုအပ်တဲ့ အင်တာဗျူးတွေ၊ ဆေးစစ်တာတွေ ဖြေရတယ်။ အဲဒါတွေ အောင်မှ သွားရမှ။ တချို့တွေက ကြာနေတာလည်းရှိတယ်။ သွားခွင့်ရတဲ့သူတွေ လည်း တောက်လျှောက်ပဲ သွားနေကြတာပဲ။ CDM အရပ်ဘက် ဝန် ထမ်း တွေရော၊ စစ်အရာရှိပိုင်းကဆိုရင် သူတို့ နာမည်တွေကို လုံခြုံရေး အရ ထုတ်မပြောတာ သွားနေကြတာပဲ။ ဒါပေမယ့် တစ်ခုတော့ရှိတယ် အဲဒီ လူတွေက ဩဇီသွားချင်လို့ CDM ဝင်ခဲ့တာမဟုတ်ဘူး။ အခု ဗိုလ်မှူးမျိုးမင်းထွန်းက ဩဇီသွားချင်လို့ CDM ဝင်ခဲ့တယ်ဆိုတာ သူ့ အင်တာ ဗျူးမှာ ပေါ်လွင်တယ်။ ဩဇီ သွားခွင့်မရလို့ ပြန်ပြေးတာပေါ့။ ဘာ ခံယူချက်မှလည်း ရှိပုံမပုံပေါ်ဘူး။ CDM ဝင်ကြတယ်ဆိုတာ စစ်အာဏာရှင်ကို မကြိုက်လို့ တော်လှန်ဖို့ ဝင်ကြတာလေ။ ဩဇီသွားဖို့မှ မဟုတ်တာ။ အဲဒီကတည်းက သူက အတော်ကြီးလွဲနေပါပြီ” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် CDMနှင့် စစ်ဘေးရှောင် များကို ကူညီပေးနေသူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- CDM ဝင်ခဲ့သူ ဒုဗိုလ်မှူးကြီး မျိုးမင်းထွန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article