34 C
Yangon

ဖားကန့်တွင် နိုဝင်ဘာ တတိယပတ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း သေဆုံး၊ မြ၀တီ နှင့်ရေး တို့တွင်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင် နိုဝင်ဘာတတိယပတ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၀ ထက်မနည်းသေဆုံးပြီး ကရင်ပြည်နယ်၊ မြ၀တီမြို့ နယ်နှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဆက်တိုက် ဖြစ် ပွား ကာ စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကြောင်း သိရှိရသည်။

မြဝတီတွင် ၄ ရက်ဆက်တိုက် တိုက်ပွဲ စစ်သား ၉ ဦးကျော်သေဆုံး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း၂၇ ကော်ဘရာ စစ်ကြောင်း လုံခြုံရေးယူထားသည့်နယ်မြေ၌ တိုက်ပွဲ ၄ ရက် ဆက်ဖြစ် ပွား ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၁ ဦးကျော်သေဆုံးပြီး ကော်ဘရာစစ်သည် သုံးဦးကျဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံတပ်များနှင့် ကရင့်အမျိုးသား လွတ် မြောက်ရေး တပ်မတော် တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက် စစ် ကြောင်း ၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့တို့အကြား နိုဝင်ဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂၄ ရက်နေ့ လေးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၁ရက်နေ့ ဘလက် တို ရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်များ ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ကူဖြင့် တိုက်ခိုက်ခဲ့ သော်လည်း ပူးပေါင်းတပ် ထောင် ထား သည့် မိုင်းထိ၍ စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာ ပြင်းထန်ခဲ့ ကြောင်း သိရှိရသည်။

နိုဝင်ဘာ၂၂ရက် နံနက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ပြီး ညနေပိုင်း၌ ဘလက်တို ကျေးရွာအနီး ငါးကန်ဂိတ်သို့ ကြားဖြတ် ထိုးဖောက် နေရာယူကာ ကော်ဘရာ စစ်ကြောင်း ၏ ရိက္ခာတင်ကားကို ကြားဖြတ် တိုက် ခိုက်ခဲ့ကြောင်း၊ ကော်ဘရာစစ်ကြောင်း၏ ရိက္ခာ တင်ယာဉ် ပေါ်မှ ရဲဘော် တစ် ဦး၊ ရဲမေနှစ်ဦး စုစုပေါင်း သုံးဦး ကျဆုံးခဲ့ရပြီး အသက်ရှင်ကျန်ရစ်သည့် ကျည် ထိမှန်ဒဏ်ရာရရှိသော ရဲဘော် ၈ ဦးကို နိုဝင် ဘာ ၂၃ရက် နံနက်တွင် ကော်ဘ ရာ စစ်သည် များက ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရှိရသည်။

နိုဝင်ဘာ ၂၂ရက် မွန်းလွဲ ၃နာရီခွဲမှစ၍ တစ်ညလုံးတိုက်ပွဲပြင်းထန်ခဲ့ရာ စစ် ကောင်စီ တပ်မှ အရာရှိ အပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး အရာရှိနှင့် အခြားအဆင့် ၁၇ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၊ စစ်တပ် က အတွဲလိုက်ပစ် ဒုံးကျည်များ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် တရစပ်ပစ်ကူပေးခဲ့ပြီး Mi – 35 ရဟတ် ယာဉ် ဖြင့် ညနေပိုင်း၌ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာ ၂၃ ရက်နေ့ တွင် ကော်ဘရာစစ်ကြောင်းက ထောင်ထားသော မိုင်း များ နင်းမိ၍ စစ်ကောင် စီ တပ်မှ ၂ ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့ကြောင်း၊ နိုဝင် ဘာ ၂၄ရက်နေ့ တွင် အတွဲလိုက်ပစ်ဒုံးများ၊ (၁၂၀)မမ လက်နက် ကြီးဖြင့် ယနေ့ညပိုင်း၌ ပစ်ခတ်နေကြောင်း၊ ဘလက်တို ကျေးရွာအတွင်းသို့ ကျူးကျော် လာသော စစ်တပ်နှင့် ပူးပေါင်းတပ်ဖွဲ့များအကြား ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သားအများအပြား သေဆုံး ထိခိုက်လျက်ရှိကြောင်း ကော်ဘရာ စစ် ကြောင်းက ထုတ်ပြန်သည်။

ရေးမြို့ ခမရ-၅၈၆တပ်ရင်းမှ စစ်ကား မိုင်းခွဲတိုက်ခိုက်ခံရ၍ စစ်သား၂ ဦး သေ ==========================================

မွန်ပြည်နယ်၊ရေးမြိုနယ်၊ကျုံပေါရွာ၊ခမရ ၅၈၆ တပ်ရင်းအနီး နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်း စစ်သားများလိုက်ပါလာသည့် စစ်ကား မိုင်းခွဲခံရ၍ စစ်သား ၂ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များ၏ သတင်းဖော်ပြချက်အရ သိရှိ ရသည်။

နိုဝင်ဘာ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲခန့်အချိန် စစ်ကားကို (R.G.F) ရာမည ပျောက် ကျားတပ်ဖွဲ ရဲဘော်များကြားဖြတ်မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသသတင်းရင်း မြစ်များ ထံမှ သိရှိရသည်။

ဖားကန့်တွင် စစ်သား ၄၀ ထက်မနည်းသေဆုံး

နိုဝင်ဘာလ တတိယအပတ်အတွင်း ကချင်ပြည်နယ်၊ ဖားကန့်တခွင်တွင် စစ် ကောင်စီတပ်များက စစ်ရေး လှုပ်ရှားမှုများ အရှိန်မြှင့်တင် ဆောင်ရွက် လျက် ရှိ သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေ ဆုံးကြောင်း ကချင်သတင်းရင်းမြစ်များက ပြောသည်။

KIA တပ်မဟာ ၉ လက်အောက်ရှိ KIA နှင့် PDF ပူးပေါင်း တပ်များက စစ် ကောင် စီ တပ်၏ စစ်ရေး လှုပ်ရှားမှု စစ် ကြောင်းများကို ရှောင်တခင် ကြား ဖြတ် တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ RPG များ ဆက်တိုက် ပစ် ခတ်ခြင်းများကြောင့် စစ်တပ်ဘက်မှ ဒု-စစ်ကြောင်းမှုးအပါအဝင် စစ်သား ၄၀ ဦးထက် မနည်းသေဆုံးကြောင်း ကချင်သတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article