33 C
Yangon

မန္တလေးတွင် လက်နက်ကိုင် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ တနင်္သာရီတွင်လည်း စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပျူစောထီး အဖွဲ့ဝင် သန်းစိုးဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီခန့်တွင် မန္တလေးမြို့ ၁၁၈ လမ်း နှင့် ၅၁ လမ်းထောင့်ရှိ ပျူစောထီးအဖွဲ့ဝင် သန်းစိုးဦး၏ နေအိမ်ကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၂ ချက် ထိမှန်ကာ သေဆုံးခဲ့ကြောင်း Specail Task Force – Mandalay – STF-MDY က ထုတ်ပြန်ထားသည်။

အလားတူ မန္တလေး၊ အမရပူရမြို့နယ်တွင် လက်နက်ကိုင် ပျူစောထီး သိန်းမင်းထွန်းကို မြို့ပြ ​ပြောက်ကျားတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အမရပူရမြို့၌ အကြမ်းဖက် စစ်တပ်က လက်နက် တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့၀င် ရာအိမ်မှူး သိန်းမင်းထွန်းကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့​ပြီး သေဆုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြစ်ငယ် MN PDF အမျိုးသမီး ပြောက်ကျားအထူတပ်ဖွဲ့၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့နှင့် နောင်ရိုး အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး Myitnge – People Defence Force က သတင်း ထုတ်ပြန်ထားသည်။

ထို့ပြင် တနင်္သာရီမြို့နယ်၊ ချောင်းညီကိုရွာရှိ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ မင်းဇော် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ချောင်းညီကိုရွာရှိ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ မင်းဇော်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဦးခေါင်းကို သေနတ်ကျည် ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော မင်းဇော်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်တပ် သတင်းပေးအဖြစ် ဆက်လက် မလုပ်ဆောင်ရန် အကြိမ်ကြိမ် သတိပေးစာထုတ်ပြန် ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်သောကြောင့် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article