34 C
Yangon

ခင်ဦးတွင် ခရစ်ယန် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘို လှူဒါန်းထားသော စာ သင်ကျောင်း အပါအဝင် နေအိမ် ၃၀၇ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူ ၇ ဦးကိုလည်း သတ်ဖြတ်သွား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၅ ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး ခရစ်ယန် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘို လှူဒါန်း ထား သော စာသင် ကျောင်း အပါအဝင် နေအိမ် ၃၀၇ လုံးပြာကျကာ ပြည်သူ ၇ ဦးကိုလည်း စစ် တပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရ သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လက်ပံကြီး ရွာကို မီးရှို့ ခဲ့ပြီး နေအိမ် ၇၃ လုံးပြာကျ၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မုံလှကျေးရွာကို အကြမ်း ဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၁၀ လုံးပြာကခဲ့ကြောင်း၊၊ နိုဝင် ဘာလ ၂၅ ရက်နေ့တွင် မြင်းဒေါင်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ခဲ့ပြီး နေအိမ် ၃၉ လုံး ပြာကျ၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မြစ်တော် ကျေးရွာ ကို အကြမ်းဖက် စစ်တပ်က မီးရှို့ခဲ့ပြီး နေအိမ် ၇၀ လုံး ပြာကျ၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဂွေးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၅ လုံးပြာကျခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က နိုင်ဝင်ဘာလ ၂၃ ရက်နေ့တွင် မုံလှ ကျေးရွာ သား အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၅၀ အရွယ် ဦးဖိုး တောက် ၊ အသက် ၅၀ အရွယ် ဒေါ်မြတို့ကို သတ်ဖြတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မြင်းဒေါင်းရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံ စီးနင်းခဲ့ပြီး အသက် ၅၃ နှစ်အရွယ် ကိုတင်ဝင်းမြင့်၊ အသက် ၃၂ နှစ်အရွယ်၊ အသက် ၄၈ နှစ် အရွယ် ကိုဇော် တို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၆ ရက် နေ့တွင် မြစ်တော်ကျေးရွာသား အသက် ၆၅ နှစ်အရွယ် ဦးလှဝင်းကိုလည်း အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က အကြမ်းဖက် စစ်တပ် စီးနင်း မီးရှို့ခဲ့သော မုံလှ ကျေး ရွာတွင် ခရစ်ယန် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို လှူဒါန်းထားသော အခန်း ၁၀ ခန်းပါ သည့် နံကပ် ၂ ထပ် ကျောင်းဆောင် ကြီးကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ပြီး ဆဲဆိုထားသော စာများ ရေးသားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article