33 C
Yangon

ခင်ဦးတွင် စစ်တပ်က အသက် ၁၄ နှစ်အရွယ် ရဲမင်းနောင်ကို သေနတ်ဖြင့် ပစ်သတ်ပြီး ကိုထွန်းထွန်းဝင်းကို လည်ပင်းဖြတ် သတ်ဖြတ်၊ ကြံ့ခိုင်ရေးပါတီ လူငယ် ၆ ဦးအပါဝင် ပြည်သူ ၁၀ ဦးကို စစ်တပ်က ဓားစာခံ ဖမ်းဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က အသက် ၁၄ နှစ်အရွယ် မောင် ရဲမင်းနောင်ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး အသက် ၂၇ နှစ်အရွယ် ကို ထွန်းထွန်းဝင်းကို လည်ပင်းဖြတ်၍ သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ခင်ဦးမြို့နယ်မြောက်ဘက်ပိုင်းမှ လာ သော စစ်ကြောင်းသည် ကံသာယာရွာ နတ်ကြီးကုန်း ထန်းတောတဲဝင်၍ အသက် ၂၇ နှစ်အရွယ် ကိုထွန်းထွန်းဝင်းကို လည်ပင်းဖြတ်၍ လည်းကောင်း ၊ အသက် ၁၄ နှစ်အရွယ် မောင်ရဲမင်းနောင်ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ လည်း ကောင်း သတ်ဖြတ်သွားကြောင်း ၊ ကံသာယာမြောက်ရွာမှ ပြည်သူ ၄ဦး ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ဗအိုးကျေးရွာတွင် ညအိပ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်က ခင်ဦးမြို့နယ် အိုင်ပေါက်ကြီးကျေးရွာမှ စစ်ရှောင် လူငယ် များ ဖြစ်ကြသည့် ကြံခိုင်ရေးပါတီဝင် ၆ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး သွား ကြောင်း၊ ကြံ့ခိုင်ရေးပါတီဝင်များဖြစ်သည်ဟု ရှင်းလင်းပြောဆိုသော်လည်း ရိုက်နှက် ပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က ဖမ်းဆီးသွားသည့် အိုင်ပေါက်ကြီးကျေးရွာမှ ကြံ့ခိုင်ရေးပါတီ လူငယ် ၆ ဦးမှာ ကိုအောင်ကျော်ဆန်း၊ ကိုချစ်သူ၊ ကိုစိုးခိုင်၊ ကိုဝင်းတင့်၊ ကိုဖိုးဝိုင်း၊ အခြား လူငယ်တစ်ဦးမှာ နာမည်စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။

“တစ်ရွာလုံး စစ်ရှောင်နေတာ။ ခင်ဦးမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင် ရခဲ့တဲ့ ကြံဖွတ်ရွာ ၅ ရွာရှိတယ်။ အဲဒီအထဲမှာ အိုင်ပေါက်ကြီး ကျေးရွာ ပါတယ်။ ကြံ့ဖွတ်မဲနိုင်တဲ့ရွာတွေက အင်ကြင်းပင်ရွာ၊ အိုင်ပေါက်ကြီးရွာ အလည်ရှို ရွာ တွေပဲ။ စစ်ခွေးတွေက အစိမ်း၊ အနီ မခွဲဘူး ။ အကုန်ဖမ်းတယ်။ အကုန် သတ် တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ခင်ဦးမြို့နယ်မှ PDF ရဲဘော်တစ်ဦးက အိုင်ပေါက်ကြီးကျေးရွာသည် ကြံ့ဖွတ် မဲနိုင် ခဲ့သည့် ကျေးရွာဖြစ်သော်လည်း လက်ရှိအချိန်တွင် အားလုံးသော ကြံ့ ဖွတ်များမှာ နေအိမ်များ မီးရှို့ခံရခြင်းနှင့်စစ်ဘေးရှောင်နေရခြင်းတို့ကြောင့် စစ် တပ်ကို ရသည့်နည်းလမ်းဖြင့် ပြန်လှန်တော်လှန်နေကြသည်ဟု ပြောဆိုသည်။

“အရင်ကတော့ ကြံ့ဖွတ်နဲ့ ခွပ်ဒေါင်း တစ်ဝက်စီလောက်ပဲ အားကောင်း ခဲ့ ဖူး တယ်။ အခုတော့ PDF စိုးမိုးနယ်မြေဖြစ်သလို ပအဖ ပကဖ ဖွဲ့စည်း နိုင်ထား ပါတယ်” ဟု ခင်ဦး PDFရဲဘော်က ပြောသည်။

ဓာတ်ပုံ- ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင် ပြည်သူများ။

Photo- L.G.R.F

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article