38 C
Yangon

တနင်္သာရီမြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံး၊ ဖောင်းပြင်တွင်လည်း တိုက်ပွဲဖြစ်ပွား စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာသို့ စစ်ကြောင်းထိုးဘာသည့် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် လယ်သစ်ရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ပေါင်းစုများက ပြင်းပြင်းထန်ထန် ခုခံခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ကာကွယ်ရေး အဖွဲ့များက ထုတ်ပြန်ဖားသည်။

အဆိုပါ တိုက်ခိုက်မှုကို တနသ်ာရီဘကာကွယ်ရေးပြောက်ကျား(ပကဖ) မှ ဦးဆောင်၍ တပ်ရင်း(၂) တပ်ခွဲ(၂) pdf၊ မြိတ်/ကျွန်းစု(ပကဖ) ပူးပေါင်းတပ်တို့က ၃ ရက်ဆက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ဟာပါရွာ ဘုန်းတော်ကြီးကျောင်းတွင် အထိုင်ချထားသော စစ်ကောင်းစီ တပ်စခန်းကို ဖောင်းပြင် PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖောင်းပြင်မြို့နယ် ဟာပါရွာ ဘုန်းတော်ကြီးကျောင်းတွင် အထိုင်ချထားသော စစ်ကောင်စီ တပ်သားများကို ဖောင်းပြင် PDF အဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး တစ်နေ့ကုန် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ စစ်သားနှင့် ပျူစောထီးများ ဆိတ်ဆားဘုန်းကြီးကျောင်း အတွင်းမှ ခုခံတိုက်ခဲ့ပြီး လေယာဥ်ဖြင့် ပစ်ကူလာသောကြောင့် PDF ရဲဘော်များ ဆုပ်ခွာခဲ့ရကြောင်း သိရသည်။

” စစ်ခွေးတွေ တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက တင်ထားတဲ့ ဓာတ်ပုံတွေ အရ ပျူခေါင်းဆောင် ဝင်းမြင့် သေတယ်။ သူရဲ့ ညီတော်စပ်သူ အဲဘုန်းကြီးက အရှင်သုနန်ဒ (ရာဇမုနိစာသင်တိုက်) ဆိုတဲ့ ဘုန်းကြီး၊ ပိုစ်တင်ထားတယ်” ဟု ကာကွယ်ရေး ရဲဘော် တစ် ဦးက ပြောဆိုသည်။

ဇွန်လ ၂၃ ရက်နေ့က ဟုမ္မလင်းမှ စစ်ကူများ ရောက်ရှိလာပြီး စစ်တပ် စစ်ကြောင်းသည် ဆိတ်ဆားဘုန်းကြီးကျောင်းအတွင်း အထိုင်ချကာ ရွာမရွာနင့် ဟာပါရွာမှ PDF အိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိတ်ဆာ စာသင်ကျောင်းမှ စစ်သားနှင့် ပျူစောထီးများကို ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article