32 C
Yangon

တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်တွင် ပျူစောထီးအဖွဲ့က ဓားပြတိုက်မှု ငွေကျပ် သိန်း ၃၅ ခန့်၊ ရွှေလက်စွပ်နှင့် ဖုန်းများ ပါသွား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်တွင် နိုဝင်ဘာ ၂၉ ရက်နေ့ ညပိုင်း တွင် ပျူစောထီးအဖွဲ့က ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

‌တန့်ဆည်မြို၊ ရွှေဥယျာဉ်လမ်းကြားရှိ နေအိမ်၂အိမ်ကို နိုဝင်ဘာ၂၉ရက်နေ့ ည၈နာရီအချိန်တွင် ပျူစောထီးဟု ယူဆရသော လက်နက်ကိုင်အင်အား ၃၀ ခန့်က ဓားပြဝင်တိုက်ရာ ငွေကျပ်၃၅သိန်းခန့်၊ ရွှေလက်စွပ် ၁ ကွင်းနှင့် လက် ကိုင်ဖုန်းများ ပါသွားခဲ့ကြောင်း တန့်ဆည်မြိုခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို ပြောဆိုသည်။

“ည၈နာရီလောက်မှာ သေနတ်ကိုင်ထားတဲ့ လူ၃၀ လောက် ရောက်လာပြီး သေနတ်၃ချက်ဖောက်ပြီး အဲ့အိမ်တွေက လူတွေကို အပြင်ထွက်ခိုင်းတာ၊ အိမ်‌ တွေထဲ ဝင်ရှာတာ။ တန့်ဆည်တစ်မြိုလုံးကို စစ်ခွေးတွေနဲ့ ရဲတွေ၊ ပျူတွေပဲ ကြီးစိုးနေတာ၊ ဓားပြတွေလည်း ပျူစောထီးတွေပဲပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

တန့်ဆည်မြို့ကို စစ်ကောင်စီတပ် လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ဓားပြ မှုဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီလက်ပါးစေ ပျူစောထီးများက ဓားပြ တိုက် ခြင်းသာ ဖြစ်ကြောင်း တန့်ဆည်မြိုခံများက ပြောဆိုကြသည်။

တန့်ဆည်မြိုလယ်တွင် နိုဝင်ဘာ၃၀ရက် နံနက်ပိုင်း၌ စစ်ကောင်စီတပ်သားများ ခြေရှုပ်နေပြီး ဓားပြမှုဖြစ်ပွားရာ ရွှေဥယျာဉ်လမ်းထိပ်တွင် အထိုင်ချ စစ်ဆေးနေ ကြောင်း သိရသည်။

ဓာတ်ပုံ- တန့်ဆည်မြို့ကို ပိတ်ဆို့စစ်ဆေးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article