30 C
Yangon

တရုတ်လုပ် K-8W အမောင်းသင်နှင့်ဘက်စုံသုံး တိုက်လေယာဉ် ၅ စီးကို တရုတ်နိုင်ငံသို့ ပေးပို့ ပြင်ဆင်နေပြီး ရက်ပိုင်းအတွင်း တောင်ငူလေတပ်သို့ ပြန်ရောက်မည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

အကြမ်းဖက်လေတပ်က ဝယ်ယူထားသော တရုတ်လုပ် K-8W အမောင်းသင်နှင့်တိုက်ခိုက်ရေး ဘက်စုံ သုံး တိုက် လေယာဉ် ၅ စီးကို တရုတ်နိုင်ငံသို့ ပေးပို့ ပြင်ဆင်နေရာ ယခုရက်ပိုင်းအတွင်း တောင်ငူ လေတပ် စခန်းသို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း လေတပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

တရုတ်လုပ် Hongdu JL-8/ K-8W (Karakoram-8) အမျိုးအစား အမောင်းသင်နှင့်ဘက်စုံသုံး တိုက်လေယာဉ် ၅ စီးဖြစ်ကြသည့် လေယာဉ်အမှတ် 3920 ၊ 3925 ၊ 3926 ၊ 3928 ၊ 3930 တို့ကို တရုတ်နိုင်ငံသို့ ပေးပို့ ပြင်ဆင်ပြီးစီးပြီဖြစ်၍ တရုတ်နိုင်ငံယူနန်မှ တောင်ငူလေတပ်စခန်းသို့ လေယာဉ် ၃ စီး တစ်အုပ်၊ လေယာဉ် ၂ စီး တစ်အုပ်ပုံစံဖြင့် ပျံသန်း ပြန်လည် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရှိ ရသည်။

Hongdu JL-8/ K-8W (Karakoram-8) အမျိုးအစား အမောင်းသင်နှင့်ဘက်စုံသုံး တိုက် လေယာဉ် သည် တရုတ်နိုင်ငံထုတ် Hongdu JL-8 ၏ ပြည်ပပို့ကုန်လေယာဉ်ဖြစ်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ံငံခန့် တွင် လက်ရှိအသုံးပြု နေကြသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၀၀ခုနှစ်ဝန်းကျင်အချိန် တရုတ်K8W အမောင်းသင်နှင့်ဘက်စုံ တိုက် လေ ယာဉ် ၁၈ စင်းခန့်စတင်လက်ခံခဲ့ပြီး ယခုအခါ အစီးရေ ၅၀ ကျော် ရှိနေပြီဖြစ်သည်။

တရုတ်K8W အမောင်းသင်နှင့်ဘက်စုံ တိုက်လေယာဉ်များကို စစ်တပ်က လက်နက်တပ်ဆင်ပြီး တိုက်ပွဲဝင် စစ်လေယာဉ်များအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

တရုတ်လုပ် Hongdu JL-8/ K-8W (Karakoram-8) အမျိုးအစား အမောင်းသင်နှင့်ဘက်စုံသုံး တိုက်လေယာဉ်တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅ သန်းမှ ၁၀ သန်းအကြား ကျသင့်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article