32 C
Yangon

ပခုက္ကူတွင် ညနေ ၆ နာရီမှ နံနက် ၈ နာရီအထိ ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်၊ ခရမ်းမြို့နယ်တွင်မူ ဆိုင်ကယ်စီးခွင့် လုံး၀ ပိတ်ပင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ညနေ ၆ နာရီမှ နံနက် ၈ နာရီအထိ ဆိုင်ကယ် စီးနင်းခွင့် ကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ပိတ်ပင်လိုက်ကြောင်း ပခုက္ကူ မြို့နယ် ထွေ/အုပ်က ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

ပခုက္ကူမြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော် လှန် တိုက် ခိုက်မှုများတွင် ဆိုင်ကယ်များအသုံးပြု၍ တိုက်ခိုက်နေသည့် အတွက် နိုဝင်ဘာလ ၂၄ ရက်နေ့မှစတင်၍ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဆိုင်ကယ်စီးနင်းခွင့်ပြုပြီး ဆိုင်ကယ်ကို တစ်ဦးတည်းသာ စီးနင်းရန်နှင့် ညနေ ၆ နာရီမှ နံနက် ၈နာရီ ဆိုင်ကယ်စီးနင်းခြင်းမပြုရန်၊ စီးနင်းပါက အရေးယူမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လာခြင်းဖြစ်သည်။

“အခုလို အမိန့်တွေထုတ်တော့ ဆိုင်ကယ်စီးတဲ့သူတွေကို ပစ်သတ်မယ်လို့ ခြိမ်း ခြောက် တာပါပဲ။ သူတို့တွေက ပစ်လည်း သတ်နေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ခုခံတော်လှန်သွားရမှာပဲ” ဟု မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ကျေးရွာအုပ်စု ၅၃ စု အတွင်းတွင် နိုဝင် ဘာလ ၂၆ ရက်နေ့မှစတင်၍ ဆိုင်ကယ်စီးနင်းခွင့် လုံး၀ ခွင့်မပြုတော့ကြောင်း၊ ဆိုင်ကယ်စီးနင်းများကို စစ်တပ်နှင့်ပူးပေါင်း အရေးယူမည်ဖြစ်ကြောင်း ခရမ်း မြို့ နယ်ထွေ/အုပ်ဦးစီးဌာနက အမိန့်ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများနှင့် မြို့ နယ် များတွင် ဆိုင်ကယ်စီးနင်းခွင့် ထိန်းချုပ်မိန့်များကို ယမန်နှစ်မှစတင်၍ ထုတ်ပြန်ခဲ့ပြီး ဆိုင်ကယ်စီးနင်းသူများကို အမြဲလိုလို ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်း ပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article