30 C
Yangon

ဘုရင့်နောင်ပွဲရုံ အနောက်ခြမ်းရှိ မရမ်းကုန်း ၁ ရပ်ကွက် ဘောလုံးကွင်းအနီးမှ နေအိမ်များကို ၃ ရက်အတွင်း အပြီးဖျက်သိမ်းရန် စာပို့၊ အိမ်ခြေ ၅၀ ဝန်းကျင် ဖျက်ဆီးခံရမည့် အခြေအနေရှိနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ၁ရပ်ကွက်၊ဘုရင့်နောင်ပွဲရုံအနောက်ခြမ်းရှိ ဘောလုံးကွင်းနား ရပ် ကွက် ကို အတင်း အဓမ္မဖျက်သိမ်းရန် စာပို့လာပြီး ၃ ရက်အတွင်း မပြောင်းရွှေ့လျှင် နေအိမ်များကို ဖျက်ဆီးမည်ဟု ခြိမ်းခြောက်စာ ပို့လာကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရှိရသည်။

“မနေ့က စည်ပင်နဲ့ ရဲခွေးတွေ မြေလာတိုင်းတယ်။ ဒီနေ့ လူမိုက် ၃ ကောင်၊ စစ်ခွေး၊ ရဲခွေးတွေလာပြီး စာရွက် ပေးပြီး ဖယ်ခိုင်းတယ်။ မြို့သစ် ၇ ၊ ၈ ၊၉ လမ်း။ ၉လမ်း အိမ်ခြေ ၃၀ကျော်။ ၇လမ်း၊ ၈လမ်း ကတော့ အိမ်ခြေနည်းတယ်။ သူတို့ကတော့ ဘောလုံးကွင်းနဲ့ ထိတဲ့အိမ်အကုန် ဖယ်ခိုင်းတာ လို့ပြော ပါတယ်” ဟု ဖျက်ခံရမည့် အိမ်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ အိမ်ဖျက်သိမ်းခံရမည့်ကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်အတွင်း နေထိုင်သူများ စိတ်ဆင်း ရဲနေကြောင်း၊ ၈ အိမ်စုနှင့် ခိုင်ရွှေဝါတံတားတစ်ဖက်ခြမ်းသည်လည်း ဖျက်သိမ်းရမည့် စာရင်း ရှိ သည်ဟု ကြားသိရကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရှိရသည်။

လက်ရှိ ရန်ကုန်အပါအဝင် နယ်မြို့ကြီးများတွင် စစ်တပ်၊ စည်ပင်နှင့်ရဲတပ်ဖွဲ့က ကျူးကျော်ဟုဆိုကာ ပြည်သူများ နှစ်ပေါင်းများစွာ နေထိုင်သည့် အိုးအိမ်များကို အတင်းအဓမ္မဖျက်ဆီးမှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လျက်ရှိ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article