28 C
Yangon

မတ္တရာတွင် စစ်တပ် ထောက်ပို့ ထော်လာဂျီကို PDF တပ်ဖွဲ့က ဖမ်းဆီး၊ ကျည်ဆန် တချို့သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃၀

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထောက်ပို့ ထော်လာ ဂျီကို PDF တပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး ကျည်ဆန် တချို့သိမ်းဆည်းရမိ ခဲ့ ကြောင်း NGU:FF (မြေခွေးတပ်ဖွဲ့) က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မတ္တရာမြို့ စခန်းသာရွာမှ မြောင်း သစ်ရွာ အကူး ကျက်ပြင် မြောက်ဘက်တွင် အကြမ်းဖက် စစ်တပ်၏ ကျည် ဆန်များ၊ ၎င်းတို့၏ အသုံးအဆောင်များနှင့် ပြည်သူများထံမှ ခိုးယူလာသည့် ပစ္စည်းများ တင်ဆောင်လာသည့် စစ်ကောင်စီ ထောက်ပို့ထော်လာဂျီကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ် ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ ပြည်သူတွေဆီက ခိုးလာတာရော ။ ကျည်ဆန်မျိုးစုံပဲ။ မောင်းလာတဲ့ လူက ရွာသားလို့ ပြောတယ်။ ခွေးတော့ မပါဘူး။ ချောဆွဲလာတဲ့ဟာ။ ကျည် ဆန်တွေကို တော်လှန်ရေးအဖွဲ့တွေ ခွဲယူလိုက်ကြတယ်” ဟု မြေခွေးတပ်ဖွဲ့မှ တာဝန်ခံမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်ကို နတ်ဆိုး (မြေအောက် တော် လှန် ရေးအဖွဲ့)၊ တိုက်သိမ်း (မြေအောက်တော်လှန်ရေးအဖွဲ့) ၊ NGU:FF (မြေခွေး တပ်ဖွဲ့)တို့က ပူးပေါင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article