36 C
Yangon

မြ၀တီ ၊ မုံရွာ၊ ထားဝယ်နှင့် မြင်းခြံတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီ တပ် ဘက်မှ ၁၇ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နှင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးကြောင်း သိရှိရသည်။

မြ၀တီတွင် ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် စစ်သား ၈ ဦးသေဆုံး

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ မြဝတီ-ဝေါလေ လမ်း ပိုင်း ဘလက်ဒိုရွာအနီးတွင် စခန်းချနေသည့် ခမရ (၁၀၂) စစ်ကောင် စီတပ်ကို နိုဝင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းတွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်း ဖက် စစ်ကောင်စီဝင် ၈ ဦးသေဆုံးကြောင်း၊ တပ်ရင်းမှူး ဗိုလ်မှူး ဇော်မျိုးအောင် အပါအဝင် ၁၅ ဦးခန့် ဒဏ်ရာပြင်းထန်စွာရကြောင်း Federal Wings အဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို Cobra Column ဦးဆောင်မှုဖြင့် KNDO တပ်ရင်း (၈) တပ်ဖွဲ့ဝင်များ ၊ ရောင်နီဒရုန်းတပ်ဖွဲ့ နှင့် Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များ က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Federal Wings တပ်ဖွဲ့အနေဖြင့် ပျံသန်း တိုက်ခိုက် မှု ၁၂ ကြိမ်တွင် ဗုံး ၃၇ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း Federal Wings အဖွဲ့က ဆိုသည်။

မုံရွာတွင် ပျူစောထီးများကို လက်နက်ကြီးများဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် တောပုကျေးရွာအတွင်း တပ်စွဲထားသည့် အကြမ်း ဖက်စစ်ကောင်စီဝင်များနှင့် ပျူစောထီးများ စခန်းချထားသည့် နေရာသည် နိုဝင် ဘာ ၂၃ ရက်‌နေ့ ညနေ ၅ နာရီ ၁၄ မိနစ်အချိန်တွင် ၉၀ မမ တာဝေး ပစ်လက်နက်ကြီးများဖြင့် သုံးချက်ပစ်ခတ်ခံရကြောင်း Aera 71 people defense force Monywa က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ဆိုသည်။

ထို့ပြင် တောပုကျေးရွာအတွင်းသို့လည်း နိုဝင်ဘာ ၂၃ ရက်နေ့ ည ၉ နာရီ ၃၇ မိနစ်အချိန်တွင်လည်း ထပ်မံ၍ တာဝေးပစ် ၉၀ မမ လက်နက်ကြီးဖြင့် အချက် ၂၀ တိတိထပ်မံပစ်ခတ်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက် အကျ အဆုံး မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူ ကဆက် ပြောသည်။

ထားဝယ်-ရေးကားလမ်းတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး

တနင်္သာရီတိုင်း ထားဝယ်-ရေးကားလမ်းပေါ်ရှိ မောင်မယ်ရှောင်ရွာနှင့် ဇဟာရွာ ကြားတွင်လည်း နိုဝင်ဘာ ၂၂ ရက်‌နေ့ ညနေ ၄ နာရီအချိန်တွင် မိုင်းရှင်းလင်း ရန် ရောက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဖြင့် တိုက်ခိုက်ခံရပြီး ၆ ဦး သေ သွားကြောင်း DGRF အဖွဲ့က သတင်းထုတ်ပြန်သည်။

မိုင်းရှင်းလင်းရန် ရောက်လာသည့် စစ်ကောင်စီတပ်သား ၃၀ ခန့်ကို ၆၀ မမ ၂ လုံး၊ မိုင်း ၃လုံးနဲ့ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး မိုင်းမြုပ် ထား သည့် အပေါ်တွင် တက်ထိုင်နေသည့် စစ်ကောင်စီတပ်သား ၆ ဦးခန့် လွင့်စင် တက် သွားကြောင်း၊ ၃ ဦးမှာ မြေတွင်ပုံကျသွားခဲ့ပြီး ကို အရေးပေါ်ကား ၅ စီး နှင့်လာရောက်တင်ဆောင်သွားကြောင်း၊ နောက်ဆက်တွဲ စုံစမ်းချက်အရ ၆ ဦး ခန့် သေဆုံးပြီး ၁၂ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မောင်မယ်ရှောင်ကျေးရွာအုပ်စု၎င်း နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၁၂ နာရီ ခန့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထားဝယ်(ပကဖ) DGRF ရဲဘော်များ ၈ မိနစ်ကြာ ထိတွေ့ပြန်လှန်ပစ်ခတ်ကြရာ၌ တော်လှန် ရေး ရဲဘော်(၂)ဦး သံစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်များကို DGRF ရဲဘော်များက ၄၀မမ လက်နက်ငယ်များနှင့်ထပ်မံ မိုင်းခွဲ တိုက် ခိုက်ရာ စစ်ကောင်စီစစ်သား ၃ ဦးသေ၊ ၄ ဦးအပြင်းအထန် ဒဏ်ရာ ရရှိ ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မြင်းခြံတွင် စစ်ကား ၂ စီးကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံ-မန္တလေး ကားလမ်းမပေါ်တွင် နိုဝင်ဘာ ၂၂ ရက်‌နေ့ ညပိုင်း အကြမ်းဖက်စစ်ကောင်စီ ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ၈ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် နိုဝင်ဘာ ၂၃ ရက်နေ့ညပိုင်း ဗိုလ် တစ်ဦး အပါအဝင် ၃ ဦး ဆေးရုံတွင် သေဆုံးခဲ့ကြောင်း နဂါးနီ ပြောက် ကျားတပ်ဖွဲ့ (မြင်းခြံ) က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article