40.9 C
Yangon

ရန်ကုန်တွင် ဧည့်စာရင်းတိုင်မည်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို မကြာခဏ ပစ်ခတ်နေသဖြင့် ရပ်ကွက်ရုံးတွင် တိုက်ရိုက် ဧည့်စာရင်း တိုင်ခွင့် မပြုတော့ဘဲ စနစ်သစ် ပြောင်းလဲ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရန်ကုန်တွင် ဧည့်စာရင်းတိုင်မည်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို ပစ်ခတ်မှုများ ဖြစ်ပွားနေ၍ ရပ်ကွက်ရုံးတွင် ဧည့်စာရင်း တိုက်ရိုက်တိုင် ခွင့်မပြု တော့ဘဲ စနစ်သစ်ပြောင်းလဲလိုက်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တချို့ ထံမှ သိရှိရသည်။

ယမန်နေ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၈၁ ရပ်ကွက်တွင် ဧည့်စာရင်းတိုင်မည် ဟုဆိုကာ ဝင်ရောက်ပစ်ခတ်သွားသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်သန်း အပါအဝင် ၃ ဦးသေဆုံးခဲ့ပြီးနောက် ဧည့်စာရင်းကို ရပ်ကွက်ရုံးသို့ တိုက်ရိုက် လာတိုင်ခြင်းမပြုရန်နှင့် အပြင် လူစိမ်းများ ရပ်ကွက်ရုံးသို့ မလာနိုင်စေရန် စနစ်သစ်ဖြင့် ဧည့်စာရင်းတိုင်ကြားခြင်း လက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

ရပ်ကွက်အတွင်းမှ ပြည်သူများအနေဖြင့် ဧည့်စာရင်းတိုင်မည်ဆိုလျှင် ရာအိမ် မှူး၊ ဆယ်အိမ်မှူးများထံတွင် မူလ ထောက်ခံလက်မှတ် အရင်ယူရ မည် ဖြစ်ပြီး အဆိုပါ ထောက်ခံချက် လက်မှတ်ပါမှသာလျှင် ရပ်ကွက်ရုံးထဲသို့ ဧည့် စာရင်း တိုင်ရန် ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ရာအိမ်မှူးနှင့်ဆယ်အိမ်မှူးများအနေဖြင့် ရပ်ကွက်အတွင်းမှ ပြည်သူများမှ အပ လူစိမ်းများကို ဧည့်စာရင်းထောက်ခံချက် ထုတ်မပေးရန် ၊ ထောက်ခံချက်လက်မှတ်မပါဘဲ ရပ်ကွက်ရုံးအတွင်းသို့ ဧည့်စာ ရင်း တိုင်မည်ဟု ပြောဆို ဝင်ရောက်မှုများကို လုံး၀ လုံး၀ ခွင့်ပြုမည် မဟုတ် ကြောင်း သိရှိရသည်။

“အုပ်ချုပ် ရေးမှူးရုံးမှလော်စပီကာနဲ့ လိုက်အော်နေပါတယ် ဧည့်စာရင်း ထောက် ခံစာ လုပ်ရင် အရင်လို ရုံးကို တိုက် ရိုက်လာလို့မရတော့ဘူး။ ရပ် ကွက် က အရင်တုန်းက ရွေးချယ်တင်မြှောက်ထားသော ဆယ် အိမ်မှူး ရာအိမ် မှူး တွေ ဧည့်စာရင်းထောက်ခံချက် လက်မှတ်အရင်ယူပြီးမှ ရုံးကို လာယူရမယ်။ အခု ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေက လန့်နေပြီ။ အုပ်ချုပ်ရေးမှူး အပစ် မခံရဘဲ သူတို့က ကြားကဝင် အပစ်ခံရမယ့်ပုံစံဆိုတော့ လန့်နေကြတယ်။ လူစိမ်း တွေ ဧည့်စာရင်းတိုင်မယ်ဆိုပြီး ရပ်ကွက်ရုံးဝင်ပစ်တာမျိုးမဖြစ်အောင် လုပ်တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရပ်ကွက်ရုံးများတွင် ဧည့်စာရင်းတိုင်မည်ဟုဆိုပြီး အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး များ မကြာခဏဆိုသလို ပစ်ခတ်ခံရပြီး သေဆုံးသည့် ဖြစ်စဉ်များ တောက် လျှောက် ဆိုသလိုဖြစ်ပေါ်လျက်ရှိပြီး လက်ရှိအချိန်အထိ ရပ်ကွက်ရုံးများတွင် သဲအိတ် များ၊ ဘယ်ရီယာများ၊ ၊ ဘန်ကာများ တည်ဆောက်၍ စစ်သားတချို့က လုံခြုံရေးယူထားမှုများ တစ်နိုင်ငံလုံး တွင် စစ်တပ်က လုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ- ယမန်နှစ် မီးလောင်နေသည့် ဒဂုံမြို့သစ်တောင်ပိုင်းမှ ရပ်ကွက်ရုံး တစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article