27 C
Yangon

ရေဖြူမြို့တွင် ဆိုင်ကယ်တွင် GPS တပ်၍ စစ်တပ်အတွက် သတင်း ထောက် လှမ်းနေသည်ဟု ဆိုသူ သိန်းအောင် ပစ်ခတ်ခံရပြီးသေဆုံး၊ ထန်းတပင်၊ ကင် မွန်းချုံရွာ အုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်း အောင်ဝင်း ပစ်ခတ်ခံရပြီးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရလိုင်ရွာတံတားတွင် ဆိုင်ကယ်တွင် GPS တပ် ၍ စစ်တပ်အတွက် သတင်းထောက်လှမ်းနေသည်ဟုဆိုသူ သိန်းအောင် ပစ် ခတ် ခံ ရပြီး သေဆုံးကြောင်း သိရှိရသည်။

နိုဝင်ဘာ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့် စစ်တပ်အတွက် သတင်းထောက် လှမ်းနေ သော သိန်းအောင်ကို တနင်္သာရီ တိုင်း ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ T-PDF ၊ထားဝယ်(ပကဖ) DGRF၊ လောင်းလုံး(ပကဖ)LL PDFတို့က ပူးပေါင်း ရှင်း လင်း ခဲ့ကြောင်း၊ သိန်းအောင်သည် ဆိုင်ကယ်တွင် GPS တပ်၍ ရေခဲ ချောင်း လိုက်ရောင်းချသူအဖြစ် ဟန်ဆောင်ကာ စစ်တပ်အတွက် သတင်း ထောက် လှမ်း ပေး နေကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် သိန်းအောင်သည် စစ်တပ်အတွက် သတင်း ထောက် လှမ်းနေသူဟုတ်၊ မဟုတ် မြေပြင်အခြေအနေကို အတည်မပြုနိုင်ပေ။

“သေနတ်ကျည်(၃)ချက်လောက် ဆက်တိုက် ဦးခေါင်းကိုပစ်ခတ်ခဲ့တာပါ။ပစ်ခံရတဲ့ သူ တော့ ပွဲချင်းပြီးဆုံးပါးသွားခဲ့တယ်။ဆိုင်ကယ်မှာခြေရာခံစက် GPSတစ်လုံးတပ်ထားလို့GPS ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်”ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

သိန်းအောင် သည်ရေဖြူမြို့နယ်အတွင်းရှိ ကျေး ရွာများတွင် ဆိုင်ကယ်တစ်စီး ဖြင့် ရေခဲချောင်းလိုက်ရောင်းကာ စစ်တပ်အတွက် သတင်းထောက်လှမ်း နေ သည့် စစ်ထောက်လှမ်းရေးတစ်ဦးဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပစ်ခတ် ရာမှ သေဆုံးခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကင်မွန်းချုံကျေးရွာ အကြမ်း ဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စစ်မှုထမ်းဟောင်း အောင်ဝင်းကို နိုဝင်ဘာ၂၇ ရက် နေ့ ညနေ(၅)နာရီတွင် ထန်းတပင်မြို့နယ်ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ (ထန်းတပင်၊ ပကဖ)က နန်းထိုက်အောင် စစ်ဆင် ရေးအဖြစ် ပစ်ခတ်ရာ အောင် ဝင်း သေဆုံးသွားကြောင်း ပဲခူး PDF က ပြောသည်။

အောင်ဝင်းသည် စစ်ထွက်တစ်ဦးဖြစ်သည့်အပြင် ‌အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးလုပ်ရန် မြို့နယ်ထွေ/အုပ်ရုံးသို့ ကိုယ် တိုင် ကိုယ်ကျ သွားရောက်လျှောက်ထားခဲ့သူဖြစ်ကြောင်း၊ ထို့ပြင် ၎င်းသည် အကြမ်းဖက် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲဖြစ်မြောက်ရေးကို လွန်စွာစိတ်အားထက်သန်လှပြီး ရာအိမ်မှူးများ၊ ဆယ်အိမ်ခေါင်းများနှင့် ကာလသားခေါင်းများအား အိမ်ထောင်စုစာရင်းများ ကောက်ခိုင်းခြင်း၊ အစည်း အဝေးတက်ရောက်ခိုင်းခြင်းများကို အတင်းအဓမ္မ လုပ်ဆောင် လျက်ရှိသူ ဖြစ် ကြောင်း သိရှိရသည်။

အောင်ဝင်းသည် မီတာခ အပြည့်အဝရရှိရေး၊ စိုက်ပျိုးစရိတ်ချေးငွေနှင့် COVID-19 ချေးငွေများ ပြန်လည်ပေးဆပ်ရေးတို့အတွက် ပြည်သူလူထုအား အဓမ္မဖိနှိပ်ခြိမ်းခြောက် တောင်းခံသည့်အပြင် မပေးဆပ်နိုင်သေးသော ပြည်သူ များကို အိမ်တိုင်ရာရောက် လိုက်လံတောင်းခံခြင်း၊ စာပို့တောင်း ခံခြင်းတို့ကို တက်ကြွစွာ လုပ်ဆောင်နေသူဖြစ် ကြောင်း၊ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်ဒုက္ခပေးနေသည့်အပြင် အကြမ်းဖက်စစ်ကောင်စီက ကျင်းပမည့် ရွေး ကောက် ပွဲအား လွန်စွာလုပ်ချင်ရှာသော စစ်ထွက် အုပ်ချုပ်ရေးမှူး အောင် ဝင်းကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရှင်းလင်းပစ်ခတ်‌ခဲ့ပြီး တော်လှန် ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရ သည်။

ဓာတ်ပုံ- ဆိုင်ကယ်တွင် GPS တပ်၍ စစ်တပ်အတွက် သတင်းထောက် လှမ်းနေသူဟု စွပ်စွဲခံရသူ သိန်းအောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article